Monday, February 03, 2020
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ လူနာ ၄၇၅ ဦး ဆေးရုံဆင်းခွင့်ရ
Image may contain: 3 people, people standing
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်သက်သာလာသဖြင့် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းအထိ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သော လူနာအရေအတွက်မှာ စုစုပေါင်း ၄၇၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင်ထုတ်ပြန်ကြေညာလိုက်သည်။
ဖေဖော်ဝါရီ ၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရသောလူနာအရေအတွက်မှာ ၁၄၇ ဦးရှိပြီး ယင်းတို့အနက် ၈၀ ဦးမှာ ဟူဖေပြည်နယ်အတွင်းမှ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ နေ့စဉ် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းအထိ ရရှိသော စာရင်းဇယားများအရ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၁ ဦး နှင့် ရောဂါပိုးကူးစက်ခံရသူ ၁၇၂၀၅ ဦး ရှိကြောင်း NHC က ပြောကြားခဲ့ပြီး ကူးစက်ရောဂါအများဆုံးဖြစ်ပွားနေသော ပြည်နယ်များတွင် ရောဂါကာကွယ်ရေး နှင့် ကုသရေးကို အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: 2 people, indoor
Image may contain: one or more people and outdoor
Image may contain: 1 person, standing
(Xinhua)
ပုံစာ- တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူများ၏ ပုံရိပ်များ(ဆင်ဟွာ)
(Zawgyi Version)
ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)
No comments:
Post a Comment
My Blog List