Thursday, February 06, 2020

တပ်မတော်က တရားစွဲဆိုထားသော ကယားတောင်သူ ၄၀ ဦး လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဖြေရှင်းမည်ဟုဆိုေသာ်လည်း ရက် ၂၀ ကျော်သည်အထိ ဘာမှ ဖြစ်မလာသေး


Image may contain: 5 people, people sitting, table and indoor
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်က ပိုင်နက်ကျူးလွန်မှု ၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုများနှင့် တရားစွဲဆို ဖမ်းဆီးထားသော ကယားတောင်သူ ၄၀ လွတ်မြောက်ရေး ညှိနှိုင်းဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ရက် ၂၀ ကျော်သည်အထိ ဘာမှ ဖြစ်မလာသေးကြောင်း ကရင်နီပြည်တောင်သူ လယ်သမားဥက္ကဋ္ဌ ဦးခူးတူရယ်က ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ကယားပြည်နယ်သို့ လာရောက်စဉ် ကရင်နီလူငယ်များနှင့်တွေ့ဆုံစဉ် ကရင်နီတောင်သူများ တရားစွဲဆိုခံထားရမှု ညှိနှိုင်းဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ တစ်စုံတစ်ရာ ညှိနှိုင်းမှု မရှိသေးကြောင်း သိရှိရသည်။
“ပေးထားတဲ့အပေါ်မှာ ကျွန်တော်တို့ကအများကြီးမှေျာ်လင့်ချက်ရှိတယ်။မျှော်လင့်ချက်တစ်စုံ တစ်ရာရလိမ့် မယ်လို့ ကျွန်တော်တို့ တောင်သူတွေအတွက်မျှော်လင့်ေနတယ်။ ယုံကြည်နေတယ်ပေါ့။အခုလောလောဆယ်မှာ ချက်ချင်းလက်ငင်းတော့မဖြစ်လာသေးတာတော့အမှန်ပဲ။အခုချိန်မှာဘာတွေဖြစ်နေလည်းဆိုတော့ အောက်ခြေ မှာအနေထားကိုသူတို့လိုက်ပြီးစုံစမ်းတယ်။လိုက်ပြီးတော့စစ်ဆေးနေတယ်။လိုက်ပြီးတော့စီစစ်နေတဲ့ အပိုင်းမှာ ရှိနေပြီလို့ပြောလို့ရနေပြီလို့ရတယ်ပေါ့။ ကျွန်တော်တို့နဲ့ တောင်သူသမဂ္ဂတွေနဲ့လာပြီး ညှိနိူင်းတာလာပြီးတိုင်ပင် တာမျိုးတော့မရှိဘူး။အောက်ေြခမှာ အခင်းဖြစ်ပျက်နေတဲ့နေရာမှာခံစားနေရတဲ့တောင်သူတွေ တိုက်ရိုက်သွား ပြီတွေတာမျိုးတော့ရှိတယ်။ ဇန်နဝါရီ ၁၉ရက်နေ့တုန်းကနေ့တွေသွားတယ်လို့ပြောတယ်" ဟု ဦးခူးတူရယ်ကပြောသည်။
တပ်မတော်၏ တရားစွဲဆို ဖမ်းဆီးခံထားရသော ကရင်နီတောင်သူများ၏ မိသားစုများအနေဖြင့်လည်း ၎င်းတို့၏ မိသားစုဝင်များ ပြန်လည် လွတ်မြောက်ရေး မျှော်လင့်ချက်ကြီးမားနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေပြီးတဲ့နောက်ပိုင်းမှာ မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိပါတယ်။ ကျွန်တော်တို့လည်းဒီ ဟာကိုအကောင်အထည်ဖော်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံြကည်တယ်ပေါ့။တရားစွဲဆိုခံထားရတဲ့တောင် သူတွေအားလုံးကို အမူကနေပြန်ရုပ်သိမ်းပေးရင်ေတာ့ကျွန်တော်တို့က အားကောင်းတဲ့အရာတစ်ခုလိုမြင်တယ်။ လုပ်ပေးလိမ့်မယ်လို့ကျွန်ေတာ်တို့ယုံကြည်နေတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့တောင်သူတွေကစိတ်ပိုင်း ဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာရော့အများကြီးထိခိုက်နစ်နာနေတဲ့အတွက်ဒီတောင်သူတွေကိုကိုယ်ချင်းစာတရားထား ပြီးအမူတွေအားလုံပြန်ရုပ်သိမ်းမယ်လို့ကျွန်တော်တို့မှေျာ်လင့်ထားတယ်” ဟု ဦးခူးတူရယ်ကပြောသည်။
တပ်မတော်ကမူ ကယားပြည်နယ်အတွင်း တောင်သူ ၄ဝကို တရားစွဲဆိုထားခြင်းသည် တပ်ပိုင်မြေကို ကျူးကျော်ခြင်းကြောင့် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
“ကယားပြည်နယ်မှာဖြစ်တာက ကျွန်တော်သိရသလောက်ပေါ့လေ။ ဒီမောဆို့မှာဖြစ်တဲ့ဟာ ဒါနဲ့ပတ်သက်ပြီးတော့ အဲဒီအမြှောက်တပ်က သူရဲ့မြေဧရိယာသိမ်းထားတာရှိတယ်။ အဲဒီမြေဧရိယာသိမ်းတဲ့အခါမှာ ဖြစ်နေတဲ့ပြဿနာက မြေဧရိယာ သိမ်းတဲ့အခါမှာ ဘယ်သူပိုင်တဲ့ မြေမှမဟုတ်ဘူး။ အဲဒီမြေသည် ဖုံးဆိုးမြေဖြစ်တာရယ်။ သစ်တောမြေရယ်။ သစ်တောမြေက ပယ်ဖျက်တဲ့ ဖုံးဆိုးမြေဖြစ်တယ်။ အဲတပ်တည်လိုက်တဲ့ပြီးတဲ့အခါကျမှ မြေပိုင်ရှင်တွေ ရှိတယ်ဆိုပြီးတော့ ပေါ်လာရော အဲတော့ ကျွန်တော်တို့ ကယားပြည်နယ်မှာရှိတဲ့မြေကို စွန့်လွှတ်ခဲ့တာ နှစ်ကြိမ်ရှိပြီ အဲဒီမြေက တပ်ရဲ့ ဧရိယာ အဝန်းအဝိုင်းပဲကျန်တော့တာ နှစ်ကြိမ်ရှိပြီ ကျွန်တော်သိရသလောက်ကတော့ ကျွန်တော်တို့ အရင်တရားဝင်သိမ်းဆည်းထားတဲ့မြေရဲ့ တစ်ဝက်ကျော်ကျော်ကို ကျွန်တော်တို့ပြန်ပေးပြီးပြီ။ ဒီဟာသည်မဖြစ်မနေ လိုအပ်တဲ့မြေဖြစ်တယ်။ ဒါကိုပဲ ဝင်ပြီးတော့ကျ ထွန်းတုံးတိုက်ပွဲ လုပ်တာတို့ ဘာတို့ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း အကြိမ်ကြိမ် အဲမှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လွိုင်ကော်တို့ကလည်း အကြိမ်ကြိမ် ရှင်းပြပြီးဖြစ်တယ်။ သို့သော် ဒါနဲ့ ပတ်သက်ပြီးတော့ကျ ဘယ်လိုရှင်းပြပြ မပြေလည်နိုင်တဲ့သူတွေလည်းရှိတယ်။ ပေးလိုက်ပြီးတဲ့ဟာကိုမှ ထပ်ပြီးလုပ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့က တရားဥပဒေအရ တရားစွဲဖို့ပဲ ကျန်ပါတော့တယ်” ဟု ၎င်းကပြောဆိုသည်။
ကရင်နီပြည်တောင်သူ လယ်သမားဥက္ကဋ္ဌ ဦးခူးတူရယ်ကမူ တပ်မတော်သည် ကရင်နီတောင်သူလယ်သမားများ၏ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးကို လျစ်လျူထားသည်ဟု တုံ့ပြန်ပြောဆိုသည်။
“ဌာနေတိုင်းရင်းသားတွေ ဖြစ်တည် ရှင်သန်မှုက စစ်တပ်က အရင်လာတာလား။ ဌာနေတိုင်းရင်းသားတွေက အရင်လာတာလား။ ဌာနေတိုင်းရင်းသားတွေလာပြီးတော့ အရင်ရှိတာလား။ စစ်တပ်ကလာပြီးတော့ အရင်ရှိတာလား။ အခုဟာက ဌာနေတိုင်းရင်းသားတွေဖြစ်တည်ရှင်သန်မှုအတွက် အလုပ်လုပ်နေတဲ့လယ်ယာမြေတွေကို တပ်မတော်က သူတို့လာပြီးတော့လုယူတယ်။ တရားဥပဒေစိုးမိုးမူနဲ့ တရားဥပဒေနဲ့ ကျွန်တော်တို့ကို တရားစွဲတာပြောဆိုတဲ့စကားကလေ။ ၂၀၁၂ လယ်ယာမြေ ဥပဒေအရ တောင်သူတွေက ပုံစံ ၇ရထားတယ်။ စစ်တပ်ကလာပြီးတော့ သူတို့ပိုင်တယ်ဆိုပြီးတော့ လာလုယူတယ်။ အဲတာဘယ်တောင်သူကမှ စစ်တပ်ကို တရားမစွဲရဲဘူး။ ဘာဖြစ်လို့ တရားမစွဲရဲလည်းဆိုတော့ တောင်သူတွေက တရားဥပဒေကို လေ့လာတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အသင်းအဖွဲ့လည်းမဟုတ်ဘူး။ သူတို့မှာလည်း ပြောရဲဆိုရဲ ဥပဒေနဲ့ဆိုင်တဲ့ အသိပညာလည်းသူတို့မှာ အားနည်းချက်ရှိတယ်။ တပ်မတော်ကဒါကို အခွင့်ကောင်းယူပြီးတော့ တောင်သူတွေကို မတရား အနိုင်အထက်ပြု ပြီးတော့တရားစွဲနေတဲ့အခါကျေတာ့ ဒါကတရားလား” ဟု ၎င်းကပြောဆိုသည်။
တိုင်းရင်းသားများ၏ ဖြစ်တည်မှုကိုလည်း တပ်မတော်အနေဖြင့် စော်ကားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ တိုင်းရင်းသားတွေရဲ့ ဖြစ်တည်ရှင်သန်မူကိုစော်ကားတာ တအားများလွန်တယ်။ အဲဒီပုံစံမျိုးဖြစ်တယ်။ တောင်သူတွေ ဥပဒေအရ တရားဝင်လုပ်ယူထားတဲ့ မြေတွေ ပုံစံ(၇)တွေရှိတာတောင်မှ သူတို့ တရားစွဲလည်းခံရသေးတယ်။ ထောင်ဒဏ်လည်း ကျခံရသေးတယ်ဆိုတော့ ဒါက လုံးဝကို မတရားအနိုင်ကျင့်လွန်းတယ်။ ဌာနေတိုင်းရင်းသားတွေကို အနိုင်ကျင့်တယ်။ ဌာနေတိုင်းရင်းသားတွေ ဖြစ်တည်ရှင်သန်မူကို လုံးဝမလေးစားဘူး။ အသိအမှတ်မပြုဘူး။ ငါတို့ အင်အားကြီးတဲ့ အချိုးမျိုးလုပ်နေတယ်လို့ ကျွန်တော်ခံယူတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
တပ်မတော်ပြောဆိုချက်နှင့်ပတ်သက်ပြီး ကယားပြည်နယ်အခြေစိုက် တောင်သူလယ်သမားများ အရေးဆောင်ရွက်နေသော အဖွဲ့အစည်းများက အစည်းအဝေးပြုလုပ်ကာ ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂထံမှ သိရှိရသည်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမောဆို့မြို့နယ်အတွင်းရှိ တောင်သူ ၄ဝကို တပ်မတော် အမြှောက်တပ်ရင်းအမှတ် (၃၆၀)၊ အမြှောက်တပ်ရင်းအမှတ် (၃၅၆)၊ ခြေလျင်တပ်ရင်းအမှတ် (၂၅၀)တို့က တောင်သူများကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၇၇၊ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)၊ ဝတ်တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇၊ ဆဲဆိုမှု ပုဒ်မ ၂၉၄ တို့ဖြင့် တရားစွဲဆိုထားပြီး ကရင်နီတောင်သူ ၄၀ ဦးဖမ်းဆီးခံထားရသည်။

Photo Credit - MSCO

No comments:

Post a Comment

My Blog List