Thursday, February 06, 2020

သေဆုံးပြီးမှ မူဆယ်ဆေးရုံလာပို့သည့် အသက် ၄၉ နှစ်အရွယ်တရုတ်နိုင်ငံသားတစ်ဦးကို သဂြိုလ်၍ အရိုးအိုးကို မိသားစုထံ လွှဲအပ်

Image may contain: 1 person, standing and outdoor
မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်မြို့နယ်တွင် အလုပ်လုပ်သည့် တရုတ်နိုင်ငံသားတစ်ဦးကို သေဆုံးပြီးမှ မူဆယ်ဆေးရုံသို့ လာပို့သဖြင့် ဆေးရုံက သဂြိုလ်ပြီး အရိုးပြာအိုးကို တရုတ်မိသားစုထံ ယနေ့ လွှဲပြောင်းလိုက်ကြောင်း သိရှိရသည်။

မူဆယ်မြို့နယ်၊ ပန်ခမ်းရွာဘက်ခြမ်းတွင် စားဖိုမှူး အလုပ်လုပ်သည့် အသက် ၄၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့က သေဆုံးခဲ့ပြီး သေဆုံးပြီးမှ မူဆယ်ဆေးရုံကြီးသို့ လာရောက်ပို့ဆောင်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးသဂြိုလ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ အရိုးပြာအိုးကို မိသားစုထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း၊ ဆရာဝန်များက တီဘီရောဂါကြောင့် သေသည်ဟုဆိုသော်လည်း နောက်ကြောင်းရာဇဝင်ကို သေချာစွာ မသိရှိကြောင်း မူဆယ်မြို့ အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောဆိုသည်။
"အပြင်မှာ သေပြီးတော့မှ ဆေးရုံမှာ လာပို့တာပေါ့။ ဆေးရုံကနေပြီးတော့ မီးသဂြိုလ်ပြီးတော့ အရိုးအိုးကို သူတို့မိသားစုကို ပြန်ပေးလိုက်တာပေါ့။ ဖေဖော်ဝါရီ ၃ ရက်နေ့က သေတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က မီးသဂြိုလ်တယ်။ အသက် ၄၉ နှစ် ။ မြန်မာပြည်ထဲမှာ အလုပ်လာလုပ်တာ။ ထမင်းချက်တယ်။ စားဖိုမှူးပေါ့။ မူဆယ်မြို့ပေါ် တော့မဟုတ်ဘူး။ ပန်ခမ်း ဘက်က ရွာပေါ့။ ဆုံးသွားတော့မှ ဆေးရုံပို့တာ။ ဆရာဝန်တွေက တီဘီလို့တော့ ပြောတယ်။ (ဝူဟန်ဗိုင်းရပ်စ်)နဲ့ မဆက်စပ်ဘူးလား ဘာလားတော့ မသိဘူး။ ပြောလို့တော့မရဘူး။ ကျနော်တို့ဆီမှာက စမ်းသပ်နိုင်ခြင်းမှ မရှိဘဲလေ။ အဲဒီလိုတော့ သူ့ ဘက်ကရောင်း တွေကို သေချာတော့မသိဘူး" ဟု ဦးသောင်းထွန်းက ရှင်းပြသည်။
သေဆုံးသူ တရုတ်နိုင်ငံသား၏ မိသားစုသည် တရုတ်နိုင်ငံ မန်စီဘက်ခြမ်းတွင် နေထိုင်သူများဖြစ်ကြောင်း သိရှိရသည်။
လတ်တလော တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားလျက်ရှိပြီး လူသေဆုံးမှုများနှင့် ကူးစက်မှုများ အကြီးအကျယ်ဖြစ်ပွားလျက်ရှိနေချိန်လည်းဖြစ်သည်။
Photo Credit - ဦးသောင်းထွန်း

No comments:

Post a Comment

My Blog List