Friday, February 07, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟုယူဆရသူ ငါးဦး မူဆယ်တွင်ရောက်နေသည်ဆိုသဖြင့် ရဲတပ်ဖွဲ့ရှာဖွေ

Image may contain: 3 peopleImage may contain: 2 people
ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သံသယရှိသူငါးဦး ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိ နေသည်ဟု တရုတ်နိုင်ငံ ရွှေလီရဲဌာနက (ဖေဖော်ဝါရီ ၆) အကြောင်းကြားလာ၍ ၎င်းတို့ကို ရှာဖွေ နေကြောင်း မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဝူဟန်မြို့မှ တရုတ်နိုင်ငံသား ငါးဦးသည် ရွှေလီမှ တစ်ဆင့် မူဆယ်သို့ရောက်ရှိနေပြီး ၎င်းတို့တွင် ကိုရိုနာ ဗိုင်းရပ်ရောဂါပိုးကူးစက်ခံထားရသည်ဟု သံသယရှိပြီး မြန်မာနိုင်ငံတွင် ကူးစက်နိုင်၍ ကြိုတင်ကာကွယ်နိုင် ရန်အတွက် အကြောင်းကြားရခြင်းဖြစ်ကြောင်း ရွှေလီရဲဌာနက သတင်းထုတ်ပြန်ထားသည်။
၎င်းတို့ငါးဦးကို တွေ့ရှိပါက တရုတ်နိုင်ငံဘက်သို့ အမြန်ဆုံးအကြောင်းကြားပေးရန်နှင့် မတွေ့ရှိမီ ရောဂါ ကူးစက် မခံရရေး ဂရုစိုက်ကြရန် ရွှေလီရဲဌာနဘက်က အကြောင်းကြားထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ၅၆၅ ဦးသေဆုံးပြီး ၂၈၀၀၀ ကျော် ရောဂါကူးစက်ခံထားရကာ နိုင်ငံပေါင်း ၂၀ကျော်တွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ သည်။
ယနေ့ (ဖေဖော်ဝါရီ ၆) ညနေ ခြောက်နာရီအချိန်အထိ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူ နှစ်ဦး အပါအဝင် လူနာ ခုနစ်ဦးတို့ကို သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Image may contain: text
Photo - Kan Thar FB
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟုယူဆရသူ ငါးဦး မူဆယ်တွင်ရောက်နေသည်ဆိုသဖြင့် ရဲတပ်ဖွဲ့ရှာဖွေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သံသယရှိသူငါးဦး ရှမ်းပြည်နယ် မူဆယ်မြို့သို့ ရောက်ရှိ နေသည်ဟု တရုတ်နိုင်ငံ ရွှေလီရဲဌာနက ယနေ့ (ဖေဖော်ဝါရီ ၆) အကြောင်းကြားလာ၍ ၎င်းတို့ကို ရှာဖွေ နေကြောင်း မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဝူဟန်မြို့မှ တရုတ်နိုင်ငံသား ငါးဦးသည် ရွှေလီမှ တစ်ဆင့် မူဆယ်သို့ရောက်ရှိနေပြီး ၎င်းတို့တွင် ကိုရိုနာ ဗိုင်းရပ်ရောဂါပိုးကူးစက်ထားရသည်ဟု သံသယရှိပြီး မြန်မာနိုင်ငံသို့ ကူးစက်နိုင်၍ ကြိုတင်ကာကွယ်နိုင် ရန်အတွက် အကြောင်းကြားရခြင်းဖြစ်ကြောင်း ရွှေလီရဲဌာနက သတင်းထုတ်ပြန်ထားသည်။
၎င်းတို့ငါးဦးကို တွေ့ရှိပါက တရုတ်နိုင်ငံဘက်သို့ အမြန်ဆုံးအကြောင်းကြားပေးရန်နှင့် မတွေ့ရှိမီ ရောဂါ ကူးစက် မခံရရေး ဂရုစိုက်ကြရန် ရွှေလီရဲဌာနဘက်က အကြောင်းကြားထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ၅၆၅ ဦးသေဆုံးပြီး ၂၈၀၀၀ ကျော် ရောဂါကူးစက်ခံထားရပြီး နိုင်ငံပေါင်း ၂၀ကျော်တွင် အဆိုပါဗိုင်းရပ်စ် ကူးစပ်ခံထားရသူများကို တွေ့ရှိခဲ့ သည်။
ယနေ့ (ဖေဖော်ဝါရီ ၆) ညနေ ခြောက်နာရီအချိန်အထိ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူ နှစ်ဦး အပါအဝင် လူနာ ခုနစ်ဦးတို့ကို သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Photo - Kan Thar FB

No comments:

Post a Comment

My Blog List