Monday, February 03, 2020

ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဖျက်သင်္ဘော အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာ

Image may contain: ocean, outdoor and water
ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ဖျက်သင်္ဘောတစ်စင်းသည် သုတေသနလုပ်ငန်းများနှင့် စစ်တမ်းကောက်ယူမှုဆောင်ရွက်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသဆီသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ယခုလုပ်ငန်းစဉ်သည် ရေကြောင်းကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့အတွက် ကြာချိန်တစ်နှစ်ထက်ပိုသည့် နိုင်ငံတကာဆိုင်ရာ မစ်ရှင်တစ်ခုကို ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဖေဖော်ဝါရီ ၂ ရက်တွင် တိုကျိုမြို့တောင်ပိုင်း ယိုကိုစူကာရှိ ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်း၌ ဖျက် သင်္ဘောတာကာနာမီကို ကြည့် ရှုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံက အသုံးပြုနေသည့် ရေနံစိမ်းပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်ကို အာရေဘီယံပင်လယ်နှင့် အိုမန် ပင်လယ်ကွေ့မြောက်ပိုင်းမှတစ်ဆင့် သယ်ယူပို့ဆောင်နေရသည်ဖြစ်ရာ ယခုဆောင်ရွက်မည့်မစ်ရှင်သည် ဂျပန် ပြည်သူများ၏ အသက်မွေးနေထိုင်မှုအတွက် လွန်စွာအရေးကြီးသည့် မစ်ရှင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ တာကာနာမီဖျက် သင်္ဘောသည် အမှုထမ်း ၂၀၀ ခန့်နှင့် ရဟတ်ယာဉ်နှစ်စင်းကို သယ်ဆောင်ကာ အရှေ့အလယ်ပိုင်းဒေသဆီသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖျက်သင်္ဘော၏မစ်ရှင်မှာ ဂျပန်နှင့် ဆက်ဆံနေသည့် ကုန်တင်သင်္ဘောများ ဘေးကင်းလုံခြုံစွာ ရေကြောင်း သွားလာနိုင်ရေး ခိုင်မာသေချာစေရန် အထောက်အကူပြုမည့် သတင်းအချက်အလက်များ ရယူရန်ဖြစ်ပြီး ယခုလနှောင်းပိုင်းတွင် အဆိုပါ ဖျက်သင်္ဘောအရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment

My Blog List