Tuesday, February 04, 2020

ကျောင်းဖွင့်ရက် ပြင်ဆင်ချက် တရားဝင်ထုတ်ပြန်ပေးဖို့ ဆန္ဒပြတောင်းဆို

Image may contain: 3 people, people standing and outdoor, text that says 'RFA'
အခြေခံပညာကျောင်းဖွင့်ရက် မတ်လကုန်အထိ တိုးမြှင့်မယ့်ကိစ္စကို ပြန်လည်ပြင်ဆင်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောခဲ့တာကို တရားဝင် စာထုတ်ပြန်ပေးဖို့ မန္တလေး ပညာရေးကောလိပ်က ကျောင်းသားတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံတုန်း အခြေခံပညာစာသင်ကာလကို ပြန်လည်သုံးသပ်ပြီး မူလအတိုင်း ပြန်ထားဖို့ ဒေါက်တာမျိုးသိမ်းကြီးက ကတိပေးခဲ့တာပါ။
မကြာခင်မှာ စာသင်ကာလနဲ့ စာမေးပွဲရက်တွေကို ကြေငြာချက်ထုတ်ပြန်မှာဖြစ်ပြီး အရင်နဲ့ သိပ်မကွာတဲ့ ရက်တွေ ပြင်ဆင်သတ်မှတ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ဒါပေမဲ့ စာမေးပွဲရက် အတိအကျကိုတော့ သူကမပြောပါဘူး။ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအကြံပေးကော်မတီဝင် ကိုအောင်အောင်ကျော်ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရက်ကို မူလအတိုင်း စစ်ဆေးသွားမှာဖြစ်ပြီး အစိုးရစစ်စာမေးပွဲဖြစ်တဲ့ စတုတ္ထတန်း နဲ့ အဌမတန်း စစ်ဆေးမှုတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့၊ ကျန်တဲ့ ကျောင်းတွင်း စစ်ဆေးမှုတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်ခင် စစ်ဆေးဖို့ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်ပြတာကို ပြည်ထောင်စုဝန်ကြီးက သဘောတူလက်ခံတယ်လို့ ပြောထားပါတယ်။
အခုလိုအောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ပြည်သူ့လွှတ်တော် ပညာရေးအဆင့်မြှင့်တင်မှုကော်မတီနဲ့ အခြေခံပညာသမဂ္ဂတွေ တွေ့ဆုံခဲ့စဉ်က တင်ပြခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်က သူတို့တောင်းဆိုချက်နဲ့ ကွာဟမှု သိပ်မရှိဘူးလို့လည်း ကိုအောင်အောင်ကျော်ကဆိုပါတယ်။
အခြေခံပညာအဆင့် ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေအနေနဲ့ ဒီနှစ်မှာ မူလအတိုင်းစာမေးပွဲကို စစ်ဖို့တောင်းဆိုခဲ့ပြီး လိုအပ်ရင် နောင်နှစ်တွေမှာ အောက်ခြေနဲ့ညှိပြီး အဆင်ပြေတဲ့ ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ ကိုအောင်အောင်ကျော်က ပြောပါတယ်။
အခြေခံပညာစာသင်နှစ်ကို မတ်လအထိတိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေခံပညာသမဂ္ဂတွေနဲ့ ပညာရေးတက္ကသိုလ်၊ ကောလိပ်တွေက ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ကန့်ကွက်နေကြတာပါ။
Image may contain: 1 person, standing and outdoor, text that says 'RFA'
Image may contain: 2 people, people standing and crowd
Image may contain: 2 people, people standing and outdoor
Image may contain: one or more people, people standing and outdoor, text that says 'RFA'
RFA
Unicode


ကျောင်းဖွင့်ရက် ပြင်ဆင်ချက် တရားဝင်ထုတ်ပြန်ပေးဖို့ ဆန္ဒပြတောင်းဆို

အခြေခံပညာကျောင်းဖွင့်ရက် မတ်လကုန်အထိ တိုးမြှင့်မယ့်ကိစ္စကို ပြန်လည်ပြင်ဆင်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောခဲ့တာကို တရားဝင် စာထုတ်ပြန်ပေးဖို့ မန္တလေး ပညာရေးကောလိပ်က ကျောင်းသားတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံတုန်း အခြေခံပညာစာသင်ကာလကို ပြန်လည်သုံးသပ်ပြီး မူလအတိုင်း ပြန်ထားဖို့ ဒေါက်တာမျိုးသိမ်းကြီးက ကတိပေးခဲ့တာပါ။
မကြာခင်မှာ စာသင်ကာလနဲ့ စာမေးပွဲရက်တွေကို ကြေငြာချက်ထုတ်ပြန်မှာဖြစ်ပြီး အရင်နဲ့ သိပ်မကွာတဲ့ ရက်တွေ ပြင်ဆင်သတ်မှတ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ဒါပေမဲ့ စာမေးပွဲရက် အတိအကျကိုတော့ သူကမပြောပါဘူး။ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအကြံပေးကော်မတီဝင် ကိုအောင်အောင်ကျော်ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရက်ကို မူလအတိုင်း စစ်ဆေးသွားမှာဖြစ်ပြီး အစိုးရစစ်စာမေးပွဲဖြစ်တဲ့ စတုတ္ထတန်း နဲ့ အဌမတန်း စစ်ဆေးမှုတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့၊ ကျန်တဲ့ ကျောင်းတွင်း စစ်ဆေးမှုတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်ခင် စစ်ဆေးဖို့ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်ပြတာကို ပြည်ထောင်စုဝန်ကြီးက သဘောတူလက်ခံတယ်လို့ ပြောထားပါတယ်။
အခုလိုအောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ပြည်သူ့လွှတ်တော် ပညာရေးအဆင့်မြှင့်တင်မှုကော်မတီနဲ့ အခြေခံပညာသမဂ္ဂတွေ တွေ့ဆုံခဲ့စဉ်က တင်ပြခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်က သူတို့တောင်းဆိုချက်နဲ့ ကွာဟမှု သိပ်မရှိဘူးလို့လည်း ကိုအောင်အောင်ကျော်ကဆိုပါတယ်။
အခြေခံပညာအဆင့် ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေအနေနဲ့ ဒီနှစ်မှာ မူလအတိုင်းစာမေးပွဲကို စစ်ဖို့တောင်းဆိုခဲ့ပြီး လိုအပ်ရင် နောင်နှစ်တွေမှာ အောက်ခြေနဲ့ညှိပြီး အဆင်ပြေတဲ့ ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့ ကိုအောင်အောင်ကျော်က ပြောပါတယ်။
အခြေခံပညာစာသင်နှစ်ကို မတ်လအထိတိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေခံပညာသမဂ္ဂတွေနဲ့ ပညာရေးတက္ကသိုလ်၊ ကောလိပ်တွေက ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ကန့်ကွက်နေကြတာပါ။
- Zawgyi
~~~~~~~~~~~~~~~

Photo: Khaymani Win / RFA

No comments:

Post a Comment

My Blog List