Friday, February 07, 2020

မြောက်ဒဂုံ CB ဘဏ်ရှိ ဓားပြတိုက်သူတွေ ထောင်ခဲ့သည့် မိုင်းများကို ဖယ်ရှားပြီ ဖြစ်

Image may contain: outdoor
မြောက်ဒဂုံမြို့နယ်ရှိ CB ဘဏ်အတွင်း ဓားပြတိုက်သူတွေ ထောင်ခဲ့သည့် မိုင်းတွေကို ဖယ်ရှားပြီး ဖြစ်တယ်လို့ အခင်းဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်းပေါ်မှာ ရှိတဲ့ CB ဘဏ်ကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီကျော်လောက်က အမျိုးသား နှစ်ဦး ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းများ ကို သေနတ်နဲ့ချိန်းခြောက်ကာ ငွေတွေကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိရပါတယ်။
ဓားပြဝင်တိုက်သူ နှစ်ဦးဟာ ဘဏ်အတွင်းမှာ မိုင်းနှစ်လုံးကို ထောင်သွားခဲ့ပြီး ဘဏ်ဘေးရှိ အဏ္ဏဝါလမ်းအတိုင်း ပရိုဘောက်အဖြူရောင်ယာဉ်နဲ့ ထွက်ပြေးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။
အခင်းဖြစ်နေရာကို လတ်တလော သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရောက်ရှိနေပြီး လုံခြုံရေးဆီးတားကာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
Image may contain: one or more people, people standing and outdoor
Image may contain: car and outdoor
Image may contain: outdoor
သတင်း-ဝေယံထက်ဝင်း၊ သူရမင်းစောဦး

No comments:

Post a Comment

My Blog List