Friday, February 07, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၆၃၈ ဦး သေဆုံး၊ ၃ သောင်းနီးပါး ကူးစက်ခံရကာ လူ ၁၃၀၀ ကျော် ကုသပျောက်ကင်း

Image may contain: one or more people
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလ ၇ က်နေ့တွင် သေဆုံးသူ ၆၃၈ ဦး ထိရှိလာပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၉၂၅၈ ဦးရှိလာကာ ၁၃၄၁ ဦးမှာ ကုသ၍ သက်သာ ပျောက်ကင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ယနေ့ ထုတ်ပြန်ကြေညာသည်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံးသူ ၆၃၆ ဦးရှိပြီး တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအဖြစ် ဟောင်ကောင်နှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဦးစီသေဆုံးခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်တွင်လည်း ကူးစက်မှု အရေအတွက် အနည်းငယ်လျော့ကျသွားပြီး သေဆုံးသူ အရေအတွက်မှာလည်း အနည်းငယ်မျှ လျော့ကျသွားကြောင်း၊ သက်သာ ပျောက်ကင်းသူ အရေအတွက် များလာကြောင်း သတင်းများက ဆိုသည်။
မြန်မာနိုင်ငံတွင်မူ ယမန်နေ့က တရုတ်ပြည်Shandong Province အတွင်းရှိ Weihai မြို့မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာသော အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုယ်အပူချိန်မြင့်မားခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စတင်ဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားရောက်ပြသခဲ့ရာ ၎င်းဆေးရုံမှ ဝေဘာဂီ အထူးကုဆေးရုံသို့ ညွန်းပို့လွှဲပြောင်းကုသခဲ့ပြီး စောင့်ကြည့်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူ ၂ ဦး အပါအဝင် လူနာ ၇ ဦးရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။
Photo Credit - AP

No comments:

Post a Comment

My Blog List