Monday, February 03, 2020

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို တွန်းအားပေးရန် ထောက်ပို့စစ်လေယာဉ် ၈ စင်းစေလွှတ်

No photo description available.
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ လေတပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန့်မြို့ရှိ ထျန်းဟော်နိုင်ငံတကာလေဆိပ်(Tianhe) သို့ စစ်ဘက်ထောက်ပို့ရေး လေယာဉ်ကြီး ၈ စင်းကို စေလွှတ်ခဲ့ကြောင်း ၊ ယင်းလေယာဉ်များပေါ်တွင် စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းပေါင်း ၇၉၅ ဦး နှင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အထောက်အကူပြုတွန်းအားပေးရန် ထောက်ပံ့ရေးပစ္စည်း ၅၈ တန်တို့ကို တင်ပို့ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်၏ အမိန့်ညွှန်ကြားမှုအောက်တွင် အဆိုပါလေယာဉ် ၈ စင်းသည် ဖေဖော်ဝါရီ ၂ ရက် နံနက်အစောပိုင်း၌ ဆန်ရန်မြို့(Shenyang) ၊ လန်ကျိုးမြို့(Lanzhou) ၊ ကွမ်ကျိုးမြို့ (Guangzhou )နှင့် နန်ကျင်းမြို့(Nanjing ) များရှိ လေတပ်စစ်အခြေစိုက်စခန်းများမှ ဝူဟန့်မြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း နှင့် စစ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် ထောက်ပို့ပစ္စည်းများသယ်ဆောင်လာသော ၎င်းလေယာဉ်များသည် ဝူဟန့်မြို့သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၅ မိနစ် နှင့် ၉ နာရီ ၃၀ မိနစ်ကြားတွင် အောင်မြင်စွာ အသီးသီးဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပို့အစီအစဉ်သည် ၂၀၀၈ ခုနှစ်တွင် စီချွမ်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ဝန်းချွန်းငလျင်(Wenchuan) နှင့် ၂၀၁၀ ပြည့်နှစ်တွင် ချင်းဟိုင်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ယွိစုငလျင်(Yushu) များ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆောင်ရွက်မှု အစီအစဉ်နောက်ပိုင်း တိုက်ပွဲဝင် စစ်ဆင်ရေး အစီအစဉ်မဟုတ်သော အခြေအနေတစ်ရပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အရေအတွက် အကြီးမားဆုံးသော လေကြောင်းထောက်ပို့မှု အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
Image may contain: one or more people and people standing
Image may contain: one or more people
(Xinhua)
(Zawgyi Version)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို တွန်းအားပေးရန် ထောက်ပို့စစ်လေယာဉ် ၈ စင်းစေလွှတ်

ဝူဟန့် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ လေတပ်က ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန့်မြို့ရှိ ထျန်းဟော်နိုင်ငံတကာလေဆိပ်(Tianhe) သို့ စစ်ဘက်ထောက်ပို့ရေး လေယာဉ်ကြီး ၈ စင်းကို စေလွှတ်ခဲ့ကြောင်း ၊ ယင်းလေယာဉ်များပေါ်တွင် စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းပေါင်း ၇၉၅ ဦး နှင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အထောက်အကူပြုတွန်းအားပေးရန် ထောက်ပံ့ရေးပစ္စည်း ၅၈ တန်တို့ကို တင်ပို့ပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်၏ အမိန့်ညွှန်ကြားမှုအောက်တွင် အဆိုပါလေယာဉ် ၈ စင်းသည် ဖေဖော်ဝါရီ ၂ ရက် နံနက်အစောပိုင်း၌ ဆန်ရန်မြို့(Shenyang) ၊ လန်ကျိုးမြို့(Lanzhou) ၊ ကွမ်ကျိုးမြို့ (Guangzhou )နှင့် နန်ကျင်းမြို့(Nanjing ) များရှိ လေတပ်စစ်အခြေစိုက်စခန်းများမှ ဝူဟန့်မြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း နှင့် စစ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် ထောက်ပို့ပစ္စည်းများသယ်ဆောင်လာသော ၎င်းလေယာဉ်များသည် ဝူဟန့်မြို့သို့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၅ မိနစ် နှင့် ၉ နာရီ ၃၀ မိနစ်ကြားတွင် အောင်မြင်စွာ အသီးသီးဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပို့အစီအစဉ်သည် ၂၀၀၈ ခုနှစ်တွင် စီချွမ်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ဝန်းချွန်းငလျင်(Wenchuan) နှင့် ၂၀၁၀ ပြည့်နှစ်တွင် ချင်းဟိုင်ပြည်နယ်၌ လှုပ်ခတ်ခဲ့သော ယွိစုငလျင်(Yushu) များ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆောင်ရွက်မှု အစီအစဉ်နောက်ပိုင်း တိုက်ပွဲဝင် စစ်ဆင်ရေး အစီအစဉ်မဟုတ်သော အခြေအနေတစ်ရပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အရေအတွက် အကြီးမားဆုံးသော လေကြောင်းထောက်ပို့မှု အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

No comments:

Post a Comment

My Blog List