Wednesday, February 05, 2020

ဆော်ဒီမှာ ကူးစက်မြန် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားနေ

Image may contain: one or more people
တရုတ်ရဲ့ လူသတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ကမ္ဘာတဝန်း အသည်းအသန်ကြိုးပမ်းနေရစဉ် ဆော်ဒီအာရေဗျနိုင်ငံမှာ ကူးစက်မြန် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့တိရိစ္ဆာန်ကျန်မားရေးအဖွဲ့ (OIE) က သတိပေးလိုက်ပါတယ်။
မြို့တော် ရီယတ်ရဲ့ မြောက်ဘက် ၁၅၀ ကီလိုမီတာ အကွာရှိ အလယ်ပိုင်း ဆူဒီယာဒေသမှာ ရောဂါ ကူးစက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ယင်း ကူးစက်ရောဂါကြောင့် ကြက်ကောင်ရေ ၂၂၀၀၀ သေဆုံးထား ခဲ့ပြီးဖြစ်ကာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နောက်ထပ် ကြက်ကောင်ရေ ၃၈၅၀၀၀ ကျော်ကို သုတ်သင်ပစ်ခဲ့ ရကြောင်း ဆော်ဒီစိုက်ပျိုးရေးဝန်ကြီးဌာနကို ကိုးကားပြီး OIE က ဖော်ပြပါတယ်။ ယခုရောဂါဟာပိုးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် တကျော့ပြန် ကူးစက်ဖြစ်ပွားလာတာပါ။
ဆော်ဒီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ H5N8 ငှက်တုပ်ကွေးဟာ လူတွေကို ကူးစက်ဖြစ်ပွားခြင်း မရှိဘူးလို့ သတ်မှတ်ယူဆထားခဲ့ကြတာပါ။
အင်္ဂါနေ့အစောပိုင်းက ဗီယက်နမ်နိုင်ငံကလည်း ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားကြောင်း အလားတူ သတိပေးထားခဲ့ပြီး H5N6 ဗိုင်းရပ်စ်ကြောင့် နိုင်ငံမြောက်ပိုင်း ကျေးရွာတစ်ရွာမှာ ကြက်ကောင်ရေ ၂၂၀၀ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သောက ပင်လယ်ဝေနေရတဲ့ တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ H5N1 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
Image may contain: 1 person, standing

Ref : RT
ကိုလင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
ဆော်ဒီမှာ ကူးစက်မြန် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားနေ
--- ကိုလင်း ( အကုန်သိ သတင်းဌာန ) ---
တရုတ်ရဲ့ လူသတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ကမ္ဘာတဝန်း အသည်း အသန်ကြိုးပမ်းနေရစဉ် ဆော်ဒီအာရေဗျနိုင်ငံမှာ ကူးစက်မြန် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ တိရိစ္ဆာန်ကျန်မားရေး အဖွဲ့(OIE) က သတိပေးလိုက်ပါတယ်။
မြို့တော် ရီယတ်ရဲ့ မြောက်ဘက် ၁၅၀ ကီလိုမီတာ အကွာရှိ အလယ်ပိုင်း ဆူဒီယာဒေသမှာ ရောဂါ ကူးစက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ယင်း ကူးစက်ရောဂါကြောင့် ကြက်ကောင်ရေ ၂၂၀၀၀ သေဆုံးထား ခဲ့ပြီးဖြစ်ကာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ နောက်ထပ် ကြက်ကောင်ရေ ၃၈၅၀၀၀ ကျော်ကို သုတ်သင်ပစ်ခဲ့ ရကြောင်း ဆော်ဒီစိုက်ပျိုးရေးဝန်ကြီးဌာနကို ကိုးကားပြီး OIE က ဖော်ပြပါတယ်။ ယခုရောဂါဟာပိုးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် တကျော့ပြန် ကူးစက်ဖြစ်ပွားလာတာပါ။
ဆော်ဒီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ H5N8 ငှက်တုပ်ကွေးဟာ လူတွေကို ကူးစက်ဖြစ်ပွားခြင်း မရှိဘူးလို့ သတ်မှတ်ယူဆထားခဲ့ကြတာပါ။
အင်္ဂါနေ့အစောပိုင်းက ဗီယက်နမ်နိုင်ငံကလည်း ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားကြောင်း အလားတူ သတိပေးထားခဲ့ပြီး H5N6 ဗိုင်းရပ်စ်ကြောင့် နိုင်ငံမြောက်ပိုင်း ကျေးရွာတစ်ရွာမှာ ကြက်ကောင်ရေ ၂၂၀၀ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သောက ပင်လယ်ဝေနေရတဲ့ တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ H5N1 ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

Ref : RT

No comments:

Post a Comment

My Blog List