Wednesday, February 05, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါလူနာ လိုက်ပါလာသည့်သင်္ဘော ဂျပန်သီးသန့်ထား


Image may contain: sky, bridge, ocean, outdoor and water
ဟောင်ကောင်မှလိုက်ပါလာသည့် လူတစ်ဦးတွင် လွန်ခဲ့သည့်လက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ထိုသူစီးနင်းလိုက်ပါသည့် ယိုကိုဟားမားသွား အပျော်စီးသင်္ဘောကို ရောဂါကူးစက်မှုကာကွယ်ရန် သီးခြားထားကြောင်း ဂျပန်အစိုးရက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောဆိုသည်။
အသက် (၈၀) အရွယ်ရှိ အဆိုပါခရီးသည်သည် ဂျပန်သို့ လေယာဉ်ဖြင့် လာရောက်ကာ ယိုကိုဟားမားရှိ ဂျပန်နိုင်ငံ ကာနီဗယ်ကုမ္ပဏီက ပိုင်ဆိုင်သည့် ဒိုင်းမွန်းပရင့်စ်သင်္ဘောပေါ်သို့ ဇန်နဝါရီ ၂၀ ရက်တွင် လိုက်ပါလာပြီး ဇန်နဝါရီ ၂၅ ရက်တွင် သင်္ဘောပေါ်မှ ပြန်ဆင်းခဲ့သည်ဟု အင်န်အိတ်ခ်ျကေသတင်းဌာနက ကြေညာသည်။

ဒိုင်းမွန်းပရင့်စ်သင်္ဘောပေါ်သို့ တက်မလာမီ တစ်ရက်က ထိုလူမှာချောင်းဆိုးဝေဒနာခံစားခဲ့ရသည်။ သို့သော် ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်မပြုမီတစ်ရက် ဇန်နဝါရီ ၃၀ ရက်အထိတိုင်အောင် အဖျားမရှိသေးဟု အင်န်အိတ်ခ်ျကေက ကြေညာသည်။

ဒိုင်းမွန်းပရင့်စ်သင်္ဘောနှင့် လိုက်ပါလာသူများတွင် တစ်ဦး ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီးနောက် သင်္ဘောသားများနှင့် ခရီးသည်များကို ကိုရိုနာဗိုင်းရ်စ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ကာနီဗယ်ပိုင်အပျော်စီးသင်္ဘော တာဝန်ရှိသူကပြောသည်။

(Unicode Version)
ကိုရိုနာဗိုင်းရပ်စ်ရောဂါလူနာ လိုက်ပါလာသည့်သင်္ဘော ဂျပန်သီးသန့်ထား

ဟောင်ကောင်မှလိုက်ပါလာသည့် လူတစ်ဦးတွင် လွန်ခဲ့သည့်လက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ထိုသူစီးနင်းလိုက်ပါသည့် ယိုကိုဟားမားသွား အပျော်စီးသင်္ဘောကို ရောဂါကူးစက်မှုကာကွယ်ရန် သီးခြားထားကြောင်း ဂျပန်အစိုးရက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောဆိုသည်။

အသက် (၈၀) အရွယ်ရှိ အဆိုပါခရီးသည်သည် ဂျပန်သို့ လေယာဉ်ဖြင့် လာရောက်ကာ ယိုကိုဟားမားရှိ ဂျပန်နိုင်ငံ ကာနီဗယ်ကုမ္ပဏီက ပိုင်ဆိုင်သည့် ဒိုင်းမွန်းပရင့်စ်သင်္ဘောပေါ်သို့ ဇန်နဝါရီ ၂၀ ရက်တွင် လိုက်ပါလာပြီး ဇန်နဝါရီ ၂၅ ရက်တွင် သင်္ဘောပေါ်မှ ပြန်ဆင်းခဲ့သည်ဟု အင်န်အိတ်ခ်ျကေသတင်းဌာနက ကြေညာသည်။

ဒိုင်းမွန်းပရင့်စ်သင်္ဘောပေါ်သို့ တက်မလာမီ တစ်ရက်က ထိုလူမှာချောင်းဆိုးဝေဒနာခံစားခဲ့ရသည်။ သို့သော် ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်မပြုမီတစ်ရက် ဇန်နဝါရီ ၃၀ ရက်အထိတိုင်အောင် အဖျားမရှိသေးဟု အင်န်အိတ်ခ်ျကေက ကြေညာသည်။

ဒိုင်းမွန်းပရင့်စ်သင်္ဘောနှင့် လိုက်ပါလာသူများတွင် တစ်ဦး ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီးနောက် သင်္ဘောသားများနှင့် ခရီးသည်များကို ကိုရိုနာဗိုင်းရ်စ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ကာနီဗယ်ပိုင်အပျော်စီးသင်္ဘော တာဝနျရှိသူကပွောသညျ။

No comments:

Post a Comment

My Blog List