Monday, February 03, 2020

၀ူဟန်ဗိုင်းရပ်စ်ကြောင့် လူ ၃၆၁ ဦးသေဆုံးပြီး လူနာ ၄၇၈ ဦးမှာ အသက်အန္တရာယ် အရေးပေါ် အခြေအနေရောက်နေ၊ လူပေါင်း ၁၇၂၀၀ ကူးစက်ခံထားရ

No photo description available.Image may contain: one or more people
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် လူနာ ၃၆၁ ဦးသေဆုံးသွားပြီး လူနာ ၄၇၈ ဦးမှာ အရေးပေါ် အခြေ အနေ ဆိုက်ရောက်နေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

လက်ရှိ ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၁၇၂၀၀ ကူးစက်ခံနေရပြီး ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်တွင် အများဆုံး သေဆုံးမှုနှင့် ကူးစက်မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။
လူပေါင်း ၉၆၁၈ ဦး ဆေးရုံတက်ကုသမှု ခံယူနေပြီး လူနာ ၄၇၈ ဦးမှာ အရေးပေါ် အခြေအနေ ရောက်ရှိနေခြင်းဖြစ်သည်။ လူ ၄၇၇ ဦးမှာ ကုသ၍ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံပြင်ပသေဆုံးမှုအဖြစ် ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် အသက် ၄၄ နှစ်အရွယ် တရုတ်နိုင်ငံသား တစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်ပြီး နိုင်ငံပေါင်း ၃၀ နီးပါးကိုလည်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့ကူးစက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ကျိုင်းတုံ၊ ရန်ကုန်၊ မင်းပြားတို့တွင် ဝူဟန်ဗိုင်းရပ်စ် သံသယလူနာများ တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။

Credit: Alamy Live News

No comments:

Post a Comment

My Blog List