Thursday, February 06, 2020

ပညာရေးအနေဖြင့် ဖားခုန်ခုန်နိုင်တာကို ရောင့်ရဲမနေဘဲ ရဲရဲပြောင်းဖို့ NLDအမတ်တစ်ဦး အကြံပြုတိုက်တွန်း


Image may contain: 1 person, standing and text
စနစ်သစ်သင်ရိုးညွှန်းဘောင် နှင့်ကိုက်ညီလေ့လာသုံးသပ်မှုများပြုလုပ်ခြင်း၊ နိုင်ငံတကာ ကျောင်းများနှင့် နှိုင်းယှဉ်လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းများဖြင့် အခြေခံပညာကျောင်းများ၏ စာသင်ရက်ကို ဆောင်ရွက်ဖို့ NLDအမတ်တစ်ဦးက ပြည်ထောင်စုလွှတ်တော်တွင် အကြံပြုတိုက်တွန်းသွားခဲ့ကြောင်းသိရသည်

သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက တင်ပြခြင်းဖြစ်ကာ ၎င်းက “ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု တွေဟာ တော်လှန်ရေးတစ်ရပ်အသွင်ဆောင်ပြီး ဂငယ် ကွေ့ ကွေ့နေတာဖြစ်ပါတယ်”ဟုပါ ပြောဆိုသွားသည်။

ဦးမြင့်ဦးက “နိုင်ငံတကာမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ဖော်ပြခဲ့သလို ကျည်ဆံရထား ပြေးသလို မြင်းစိုင်းပြေးသလို ၂၁ ရာစု ကို အမှီလိုက်ဖို့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကျွန်တော်တို့ နိုင်ငံက မီးသွေးရထား စက်ခေါင်းကြီး အသွင်နဲ့တော့ သွားနေလို့ လိုက်မှီမယ်မထင်ပါ။ဖားခုန်ခုန်နိုင်တာလောက်ကို ရောင့်ရဲမနေဘဲ အမှီလိုက်နိုင်ဖို့ဆိုရင် ရဲရဲ ကြီးပြောင်းလဲရမှာဖြစ်သလို ဝန်ကြီးဌာန စွမ်းဆောင်ရည်အပါအဝင် အဆင့်ဆင့်သော လုပ်နိုင်စွမ်းတွေကိုလည်း ပြန်လည်သုံးသပ်ပြီး ဖြည့်ဆည်းဆောင်ရွက်တာ ပြုပြင်တာပြောင်းလဲတာတွေ ဆောင်ရွက်သင့်ပါကြောင်းရိုးသားစွာ အကြံပြုအပ်ပါတယ်”ဟု ဆက်ပြောသည်။

ဦးမြင့်ဦးက ပညာရေးစနစ်ပြုပြင်ပြောင်းလဲအောင်မြင်ဖို့ဆိုလျှင်“(၁)အရညျအသှေးပွညျ့မှီတဲ့ဆရာ အရညျအတှကျ ဟာ ကြောငျးသားအခြိုး နှငျ့သငျ့တငျ့မြှတစှာ ရှိရပါမယျ၊(၂)သငျထောကျကူပစ်စည်းတွေ လုံလောက်မှု ရှိရမှာဖြစ်ပြီး၊ (၃)စာသင်ဆောင်စာသင်ခန်းတွေလုံလောက်ရပါမယ်။ဒါမှသာ သင်ယူတတ်မြောက်မှု ကောင်းမွန်မှာဖြစ်ပြီးကျောင်းသားမိဘတွေ နဲ့ ပြည်သူလူထုရဲ့ ပြောင်းလဲ မှုအပေါ်ယုံကြည်မှု ရလာမှာ ဖြစ်ပါတယ်။ယုံကြည်မှလည်း ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်သလို ပြည်သူပူးပေါင်းဆောင်ရွက်မှုအားကောင်းမှလည်း စနစ်သစ်ပညာရေးပြောင်းလဲမှု အရှိန်မြန်လာမှာဖြစ်ပါတယ်”ဟု စသည်ဖြင့်အကြံပြုတင်ပြခဲ့သည်။

ယင်းအပြင် ဦးမြင့်ဦးက“ နှစ်ပေါင်းများစွာ အရိုးစွဲအမြစ်တွယ်နေတဲ့ ဒါသင်၊ဒါကျက်၊ဒါဖြေ ၏သည်မလွဲ ကျက်နေရသည့်စနစ်ကနေ ကိုယ်တိုင်သင် ကြံစတွေး တီထွင်ဆန်းသစ်ဆွေးနွေး ပူးပေါင်းရတာဖြစ်တဲ့သင်ကြားမှု သင်ယူမှု စနစ်တစ်ရပ်အဖြစ် အမြစ်လှန်ပြောင်းနေရတာဖြစ်လို့ အလွန်ခက်ခဲပြီး သိမ့်မွေ့ နက်နဲလွန်းစွာ Mind set ကို ပြောနေရတာဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးကအစ အောက်ခြေ ဆရာ၊ဆရာမ များအဆုံး မပြည့်မစုံ နဲ့ ပင်ပန်းကြီးစွာကြိုးစားဆောင်ရွက်နေရတာကိုလည်းတွေ့မြင်နေရပါကြောင်းတင်ပြအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနက စာသင်ချိန်ကို တိုးရန်(ကျောင်းတက်ရက်တိုးရန်) စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် နောက်ဆုတ်ပေးခဲ့ရသည်။

ဇေဝေယံ/Myanmar Harp

No comments:

Post a Comment

My Blog List