Thursday, January 02, 2020

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ်အပစ်ရပ်ကာလ ထပ်မံ သက်တမ်းတိုး၊ အစိုးရယာဉ်မောင်း ၁၆ ဦးကို AA က ပြန်လွှတ်ပေး

Image may contain: 17 people, people sitting
ရခိုင်တပ်မတော်AA၊ ပလောင် TNLA နှင့် ကိုးကန့်အဖွဲ့ တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ဖေဖော်ဝါရီလကုန်အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်နှင့်အတူ ရခိုင်တပ်မတော်AA က ယမန်နေ့က ဖမ်းဆီးခဲ့သော အစိုးရ ယာဉ်မောင်း ၁၆ ဦးကိုလည်း ပြန်လည် လွှတ်ပေးလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

AA၏ သတင်းထုတ်ပြန်ချက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျှက်ရှိနေဆဲဖြစ်သောရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း စဖိုကျွန်းအနီး၌ သွားလာနေသော ခရီးသည်တင်သဘောၤ၊အောင်တံခွန်(၇)ရေယာဉ်ပေါ်တွင်လိုက်ပါလာသောသူများထဲမှ မသင်္ကာဖွယ်ရှိသူ(၁၆) ဦးကို ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၃၁) ရက်၊ နေ့လည်(၂) နာရီ(၁၇) မိနစ်အချိန်၌ မိမိတို့ ရက္ခိုင့်တပ်တော်(Arakan Army) မှရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီးတွင် ခေါ်ယူစစ်ဆေးရန်အတွက်ခေတ္တခေါ်ယူထိန်းသိမ်းထားခဲ့ ကြောင်း၊ ၎င်းတို့(၁၆) ဦးအားစစ်ဆေးပြီးသည့်အချိန်တွင် ထိုသူများမှာစစ်ဖက်နှင့်သက်ဆိုင်သူများ၊ မသင်္ကဖွယ်ရာရှိသူများမဟုတ်သောကြောင့် ၎င်းတို့အားလုံးအား(တစ်ယောက်မကျန်)"ဘူးသီးတောင်မြို့နယ်"၊"သေကံကျေးရွာ"၊စာသင်ကျောင်း၌၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊ နံနက်(၇) နာရီ (၄၇) မိနစ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများထံတွင်ကောင်းမွန်စွာပြည်လည်လွှတ်ပေးလိုက်ပြီးဖြစ် ကြောင်း၊ မိမိတို့ခေါ်ယူစစ်ဆေးသည့်အချိန်တွင် ကောင်းမွန်စွာစစ်ဆေးသကဲ့သို့ ပြန်လွှတ်ပေးသည့်အချိန်တွင်လည်း ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


No comments:

Post a Comment

My Blog List