Tuesday, December 24, 2019

တောင်ကိုရီးယားနိုင်ငံက မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်မည် ပြည် ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် ကန်ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမည်ဟုသိရ

Image may contain: 2 people, people standing

တောင်ကိုရီးယားနိုင်ငံက မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်မည်ဟု နိုင်ငံပိုင်မီဒီယာ၏ သတင်းရေးသားဖော်ပြချက်အရသိရသည်။

ကိုရီးယားသမ္မတနိုင်ငံ MCM Power Company မှ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတောင် ကျေးရွာရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် IPP (BOT) စနစ်ဖြင့်မဂ္ဂါဝပ် ၄၀ ထုတ်လုပ်သွားမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီး မြှုပ်နှံမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၏ ပြောဆိုချက်ကိုကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြခြင်းဖြစ်သည်။
တောင်ကိုရီးယားသည် ယခုလုပ်ငန်းအပါအဝင် လျှပ်စစ်နှင့်ပတ်သက်ပြီး အခြားသောလုပ်ငန်းများကိုလည်းလုပ်ကိုင်ရန်ရှိနေသည်ဟုလည်းသိရသည်။
ယခုလဆန်းပိုင်း တွင်လည်း ရန်ကုန်နှင့်ကျောက်ဖြူတွင် LNG ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်ရန်အတွက် ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့သေးကြောင်းသိရသည်။
မောင်မောင်/Myanmar Harp
ကိုးကား-MOI

No comments:

Post a Comment

My Blog List