Monday, December 23, 2019

ဖိလစ်ပိုင်မှာ အုန်းသီးဝိုင်သောက်ပြီးနောက် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဆေးရုံရောက်

No photo description available.
ဖိလစ်ပိုင်နိုင်ငံမှာ အုန်းသီးဝိုင်သောက်ပြီးနောက် ခရစ္စမတ်ပါတီ အခမ်းအနားကျင်းပနေသူအချို့ အပါအဝင် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဆေးရုံမှာ ကုသခံနေရကြောင်း ကျန်းမာရေးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
မနီလာမြို့တော် တောင်ဘက်က လာဂူနာနဲ့ ကွေဇုံပြည်နယ်နှစ်ခုမှာ ယင်း အဆိပ်သင့်မှုဖြစ်ခဲ့ တာဖြစ်ပြီး အဆိပ်သင့်ခဲ့သူအားလုံးဟာ ယင်းပြည်နယ်တွေမှာ လမ်ဘနော့လို့ သိကြတဲ့ နာမည်ကျော် ဝိုင်တစ်မျိုးကို သောက်ခဲ့ကြတာဖြစ်ပါတယ်။ ယင်း ဝိုင်ကို အားလပ်ရက်တွေ၊ အခမ်းအနားတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သောက်သုံးလေ့ရှိကြပါတယ်။
လာဂူနာပြည်နယ် ရီဇယ်မြို့မှာ ကြာသပတေး ကနေ တနင်္ဂနွေနေ့အကြား လူသေဆုံးမှုတွေဖြစ် ခဲ့ပြီးနောက် မြို့တော်ဝန် ဗန်နာမန်နော့ဇ်ရဲ့ တိုက်တွန်းချက်အရ လူအတော်များများ ဆေးရုံတွေ တက်ခဲ့ကြပါတယ်။ အခြေအနေ စိုးရိမ်ရသူနှစ်ဦး ပြန်ကောင်းလာခဲ့ကြောင်းနဲ့ ၎င်းတို့တွေ သောက်သုံးခဲ့တဲ့ အုန်းသီးဝိုင်ဟာ သူမြို့က ထုတ်လုပ်တာဖြစ်ကြောင်း မြို့တော်ဝန်က ပြောဆိုပါတယ်။
သွေးစစ်ချက်တွေနဲ့ သောက်လက်စ လမ်ဘနော့ လက်ကျန် နမူနာတွေ စုဆောင်းရယူပြီး တနင်္လာနေ့မှာ စမ်းသပ်စစ်ဆေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောဆိုပါတယ်။ တချို့က အားလပ်ချိန်သောက်စားဖို့နဲ့ မွေးနေ့ပွဲအတွက် ယင်း ဝိုင်တွေကို ဝယ်ယူခဲ့ကြတာဖြစ်ပြီး အချို့ကတော့ ဒေသဆိုင်ရာ အရာရှိတွေက သူတို့ခရစ္စမတ်ပါတီအခမ်းအနားမှာ ပေးကမ်းခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လမ်ဘနော့ကို စနစ်တကျမရှိဘဲ ထုတ်လုပ် ရောင်းချမှုတွေ တွေ့ရလေ့ရှိသလို အန္တရာယ်များတဲ့ အဖြည့်အစွက်ပစ္စည်းတွေ ရောစပ်ကာ တရားမဝင် ထုတ်လုပ်တာမျိုးလည်း မကြာခဏ ဆိုသလို တွေ့ရလေ့ရှိပါတယ်။
ကိုယ့်အိမ်မှာကိုယ် ဖောက်ထားတဲ့ မက်သနောကို ရောစပ် အသုံးပြုခြင်း မလုပ်ကြဖို့နဲ့ ယင်းလုပ်ရပ်ဟာ အန္တရာယ်များကြောင်း ဖိလစ်ပိုင် အစားအသောက်နဲ့ ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့ FDA သတိပေးထားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ လမ်ဘနော့ သောက်သုံးပြီးနောက် လူ ၂၁ ဦး သေဆုံးမှုဖြစ်ခဲ့ကြောင်း မီဒီယာသတင်းတွေက ဖော်ပြခဲ့ပါတယ်။
Ref : Reuters
ကိုလင်း (အကုန်သိ သတင်းဌာန) 

====== Unicode version =======
ဖိလစ်ပိုင်မှာ အုန်းသီးဝိုင်သောက်ပြီးနောက် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဆေးရုံရောက်
--- ကိုလင်း (အကုန်သိ သတင်းဌာန) ---
ဖိလစ်ပိုင်နိုင်ငံမှာ အုန်းသီးဝိုင်သောက်ပြီးနောက် ခရစ္စမတ်ပါတီ အခမ်းအနားကျင်းပနေသူအချို့ အပါအဝင် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဆေးရုံမှာ ကုသခံနေရကြောင်း ကျန်းမာရေးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
မနီလာမြို့တော် တောင်ဘက်က လာဂူနာနဲ့ ကွေဇုံပြည်နယ်နှစ်ခုမှာ ယင်း အဆိပ်သင့်မှုဖြစ်ခဲ့ တာဖြစ်ပြီး အဆိပ်သင့်ခဲ့သူအားလုံးဟာ ယင်းပြည်နယ်တွေမှာ လမ်ဘနော့လို့ သိကြတဲ့ နာမည်ကျော် ဝိုင်တစ်မျိုးကို သောက်ခဲ့ကြတာဖြစ်ပါတယ်။ ယင်း ဝိုင်ကို အားလပ်ရက်တွေ၊ အခမ်းအနားတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သောက်သုံးလေ့ရှိကြပါတယ်။
လာဂူနာပြည်နယ် ရီဇယ်မြို့မှာ ကြာသပတေး ကနေ တနင်္ဂနွေနေ့အကြား လူသေဆုံးမှုတွေဖြစ် ခဲ့ပြီးနောက် မြို့တော်ဝန် ဗန်နာမန်နော့ဇ်ရဲ့ တိုက်တွန်းချက်အရ လူအတော်များများ ဆေးရုံတွေ တက်ခဲ့ကြပါတယ်။ အခြေအနေ စိုးရိမ်ရသူနှစ်ဦး ပြန်ကောင်းလာခဲ့ကြောင်းနဲ့ ၎င်းတို့တွေ သောက်သုံးခဲ့တဲ့ အုန်းသီးဝိုင်ဟာ သူမြို့က ထုတ်လုပ်တာဖြစ်ကြောင်း မြို့တော်ဝန်က ပြောဆိုပါတယ်။
သွေးစစ်ချက်တွေနဲ့ သောက်လက်စ လမ်ဘနော့ လက်ကျန် နမူနာတွေ စုဆောင်းရယူပြီး တနင်္လာနေ့မှာ စမ်းသပ်စစ်ဆေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောဆိုပါတယ်။ တချို့က အားလပ်ချိန်သောက်စားဖို့နဲ့ မွေးနေ့ပွဲအတွက် ယင်း ဝိုင်တွေကို ဝယ်ယူခဲ့ကြတာဖြစ်ပြီး အချို့ကတော့ ဒေသဆိုင်ရာ အရာရှိတွေက သူတို့ခရစ္စမတ်ပါတီအခမ်းအနားမှာ ပေးကမ်းခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လမ်ဘနော့ကို စနစ်တကျမရှိဘဲ ထုတ်လုပ် ရောင်းချမှုတွေ တွေ့ရလေ့ရှိသလို အန္တရာယ်များတဲ့ အဖြည့်အစွက်ပစ္စည်းတွေ ရောစပ်ကာ တရားမဝင် ထုတ်လုပ်တာမျိုးလည်း မကြာခဏ ဆိုသလို တွေ့ရလေ့ရှိပါတယ်။
ကိုယ့်အိမ်မှာကိုယ် ဖောက်ထားတဲ့ မက်သနောကို ရောစပ် အသုံးပြုခြင်း မလုပ်ကြဖို့နဲ့ ယင်းလုပ်ရပ်ဟာ အန္တရာယ်များကြောင်း ဖိလစ်ပိုင် အစားအသောက်နဲ့ ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့ FDA သတိပေးထားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ လမ်ဘနော့ သောက်သုံးပြီးနောက် လူ ၂၁ ဦး သေဆုံးမှုဖြစ်ခဲ့ကြောင်း မီဒီယာသတင်းတွေက ဖော်ပြခဲ့ပါတယ်။
Ref : Reuters

No comments:

Post a Comment

My Blog List