Thursday, January 02, 2020

မိဘများအတွက် အုတ်ဂူလုပ်ပေးရန် ညောင်ပင်တွင်ဆုတောင်းပြီး ထီတစ်စောင် ထိုးခဲ့သူ ကျပ်သိန်း ၅၀၀ ထီဆုပေါက်

Image may contain: 1 person, hat and textImage may contain: 1 person, text
ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၁၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့က မိဘများအတွက် အုတ်ဂူလုပ်ပေးရန် ညောင်ပင်တွင်ဆုတောင်းပြီး ထီတစ်စောင်တည်းထိုးခဲ့သူ တစ်ဦး ကျပ်သိန်း ၅၀၀ ထီဆုပေါက်ခဲ့ကြောင်း သိရှိရသည်။

အသုတ်မြို့၊ သစ်ဝင်ကုန်းကျေးရွာနေ ကျပန်းလုပ်ကိုင်သည့် အနှောင်းဆိုသူသည် ကွယ်လွန်သူ မိဘများအတွက် အမြန်ဆုံးအုတ်ဂူလုပ်ပေးရန် ဆုတောင်းပြီး ကဃ ၆၄၂၁၅၃ နံပါတ် ထီတစ်စောင်တည်း ထိုးခဲ့ရာမှ ကံထူးခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။
"အဖေအမေတွေကို တအား အုတ်ဂူတည်ပေးချင်တာ။ ဟိုးလမ်းကညောင်ပင်ကြီးမှာလည်း ဆုတောင်းခဲ့တယ်။ အဖေ အမေကို ဒီဘဝမှာ အမြန်ဆုံးဂူတည်ပေးရပါစေဆိုပြီး ထီသည်ကလည်း အဲ့နေ့ကလာတာ။"ဟု ထီထိုးဖြစ်ခဲ့ပုံကို ကံထူးရှင် အနှောင်းက ပြောသည်။
ထီသည်လာသဖြင့် အလုပ်ရှင်ထံတွင် ပိုက်ဆံ ၂၀၀၀ ကျပ် တောင်းခဲ့ကြောင်း အလုပ်ရှင်မှ ပိုက်ဆံ ၅၀၀၀ ကျပ်ပေးသော်လည်း မယူဘဲ ထီတစ်စောင်ကို ၁၅၀၀ ကျပ်ဖြင့် ထိုးကာ ၅၀၀ ကျပ်ကို ကွမ်းသီးဝယ်ခဲ့ကြောင်း ထီဖွင့် သည့်နေ့ နေ့လည်ပိုင်းတွင် ကျပ်သိန်း ၅၀၀ ပေါက်သည်ကို သိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
"သူပေါက်တယ်ကြားတော့ ပထမ မယုံဘူး။ ထီထိုးတာမှ မတွေ့ဖူးတာကို နောက်မှ သူကိုယ်တိုင်ထီလက်မှတ်ထုတ်ပြမှ ယုံကြတာ ပေါက်ဂဏန်းကလည်း ထူးထူးဆန်းဆန်း တစ်ကနေခြောက်အထိ အစဉ်လိုက် ခြောက်လုံး ဖြစ်နေတယ်။ ထီရောင်းပေးတဲ့ ကိုအောင်ဇော်ကြီးကိုလည်း တအားတွေ ကျေးဇူးတင်နေတာတွေ့တယ်။ သူရွေးတာ မဟုတ်ဘူးလေ ထီသည်ပေးတဲ့ လက်မှတ်ယူပြီးပေါက်သွားတာ။"ဟု ဆပ်ကွင်းကျေးရွာနေ ဒေါ်သန်းမြင့် က ပြောသည်။
ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၁၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ အမှတ် ၆ ရပ်ကွက်နေ ဦးမြင့်ခိုင်ဆိုသူမှလည်း ကျပ်သိန်း ၂၀၀၀ ဆုကို ကံထူးခဲ့ကြောင်း ဓနုဖြူရွှေမြန်မာဗျာပါဆံမောင်နှမထီဆိုင်မှ သိရသည်။
မျိုးမင်းထွန်း (မြစ်မခ)
Zawgyi
မိဘများအတွက် အုတ်ဂူလုပ်ပေးရန် ညောင်ပင်တွင်ဆုတောင်းပြီး ထီတစ်စောင် ထိုးခဲ့သူ ကျပ်သိန်း ၅၀၀ ထီဆုပေါက်
မျိုးမင်းထွန်း (မြစ်မခ)
ပုသိမ်၊ ဇန်နဝါရီ ၂ ရက်။
ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၁၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့က မိဘများအတွက် အုတ်ဂူလုပ်ပေးရန် ညောင်ပင်တွင်ဆုတောင်းပြီး ထီတစ်စောင်တည်းထိုးခဲ့သူ တစ်ဦး ကျပ်သိန်း ၅၀၀ ထီဆုပေါက်ခဲ့ကြောင်း သိရှိရသည်။
အသုတ်မြို့၊ သစ်ဝင်ကုန်းကျေးရွာနေ ကျပန်းလုပ်ကိုင်သည့် အနှောင်းဆိုသူသည် ကွယ်လွန်သူ မိဘများအတွက် အမြန်ဆုံးအုတ်ဂူလုပ်ပေးရန် ဆုတောင်းပြီး ကဃ ၆၄၂၁၅၃ နံပါတ် ထီတစ်စောင်တည်း ထိုးခဲ့ရာမှ ကံထူးခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။
"အဖေအမေတွေကို တအား အုတ်ဂူတည်ပေးချင်တာ။ ဟိုးလမ်းကညောင်ပင်ကြီးမှာလည်း ဆုတောင်းခဲ့တယ်။ အဖေ အမေကို ဒီဘဝမှာ အမြန်ဆုံးဂူတည်ပေးရပါစေဆိုပြီး ထီသည်ကလည်း အဲ့နေ့ကလာတာ။"ဟု ထီထိုးဖြစ်ခဲ့ပုံကို ကံထူးရှင် အနှောင်းက ပြောသည်။
ထီသည်လာသဖြင့် အလုပ်ရှင်ထံတွင် ပိုက်ဆံ ၂၀၀၀ ကျပ် တောင်းခဲ့ကြောင်း အလုပ်ရှင်မှ ပိုက်ဆံ ၅၀၀၀ ကျပ်ပေးသော်လည်း မယူဘဲ ထီတစ်စောင်ကို ၁၅၀၀ ကျပ်ဖြင့် ထိုးကာ ၅၀၀ ကျပ်ကို ကွမ်းသီးဝယ်ခဲ့ကြောင်း ထီဖွင့် သည့်နေ့ နေ့လည်ပိုင်းတွင် ကျပ်သိန်း ၅၀၀ ပေါက်သည်ကို သိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
"သူပေါက်တယ်ကြားတော့ ပထမ မယုံဘူး။ ထီထိုးတာမှ မတွေ့ဖူးတာကို နောက်မှ သူကိုယ်တိုင်ထီလက်မှတ်ထုတ်ပြမှ ယုံကြတာ ပေါက်ဂဏန်းကလည်း ထူးထူးဆန်းဆန်း တစ်ကနေခြောက်အထိ အစဉ်လိုက် ခြောက်လုံး ဖြစ်နေတယ်။ ထီရောင်းပေးတဲ့ ကိုအောင်ဇော်ကြီးကိုလည်း တအားတွေ ကျေးဇူးတင်နေတာတွေ့တယ်။ သူရွေးတာ မဟုတ်ဘူးလေ ထီသည်ပေးတဲ့ လက်မှတ်ယူပြီးပေါက်သွားတာ။"ဟု ဆပ်ကွင်းကျေးရွာနေ ဒေါ်သန်းမြင့် က ပြောသည်။
ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၁၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ အမှတ် ၆ ရပ်ကွက်နေ ဦးမြင့်ခိုင်ဆိုသူမှလည်း ကျပ်သိန်း ၂၀၀၀ ဆုကို ကံထူးခဲ့ကြောင်း ဓနုဖြူရွှေမြန်မာဗျာပါဆံမောင်နှမထီဆိုင်မှ သိရသည်။

No comments:

Post a Comment

My Blog List