Friday, January 03, 2020

လစားသွားထုတ်သည့် ရဲလေးဦးကို AA က ပစ်ခတ်တိုက်ခိုက် ရဲနှစ်ဦးပျောက်ဆုံးနေ

No photo description available.

ဇန်နဝါလ ၂ ရက်နေ့တွင် သဇင်မြိုင်နယ်ခြားစောင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ လေဦးသည် ရသေ့တောင်မြို့နယ်ရှိ စေတီပြင် နယ်ခြားစာင့် ရဲစခန်းသို့ လာရောက်ကာ လစာထုတ်ပြီးအပြန်တွင် AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးနေကြောင်း တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က The Ladies News သို့ပြောကြားသည်။

"စေတီပြင်ရဲစခန်းကို လစာထုတ်သွားတယ်။ အပြန်မှာ AA ကနေပြီးမှ ပစ်ခတ် တယ်ပြောတယ်။ လိုက်ရှာနေတယ်။ အခုအထိတော့။ နှစ်ယောက်တော့ စခန်း ပြန်ရောက်တယ်။ နှစ်ယောက်တော့ ပျောက်နေတယ်'' ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။
ရသေ့တောင်မြို့နယ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကလည်း စေတီပြင်ရဲစခန်းသို့ လစာသွားထုတ်သည့် ရဲတပ်ဖွဲ့ဝင်လေးဦး အပြန်တွင် ပစ်ခတ် တိုက်ခိုက်ခြင်းခံရပြီး ထိုအထဲမှ နှစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို တစ်ဆင့်ပြန်လည်ပြောကြားသည်။
"အန်တီတို့က ရွာသားတစ်ယောက်ကို မေးကြည့်လိုက်တာပေါ့။ အန်တီရဲ့ ရသေ့တောင်မြို့နယ်ထဲမှာပါတဲ့ စေတီပြင် တိုက်နယ်ပေါ့။ အဲဒီမှာ ရဲစခန်း ဆိုတာ ရှိတယ်။ သူတို့ရဲ့ရဲလူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာတော့မသိဘူးပေါ့နော်။ သူတို့က စေတီပြင်ကို လစာထုတ်တယ်ပြောပါတယ်။ အပြန်မှာ သေနတ် သံတွေကြားပြီးတော့။ လေးယောက်ထဲက နှစ်ယောက် ဆိုင်ကယ်နဲ့ လာတာ အဖမ်းခံရတယ်'' ဟု သူမက ပြောကြားသည်။
AA အဖွဲ့ မကြာခဏဆိုသလို ဖမ်းဆီးသူများထဲတွင် ရခိုင်ပြည်နယ်၌ တာဝန်ကျနေ သည့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဖက်နှင့် မသက်ဆိုင်သည့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် အစိုးရ ဝန်ထမ်းများ ပါဝင်သည်။
ပြီးခဲ့သည် ဒီဇင်လာလ ၂၄ ရက်နေ့ကလည်း လူဝင်မှုကြီးကြပ်ရေး (လဝက) မှ လက်ထောက်ညွှန်မှူး အပါအဝင် ဝန်ထမ်းသုံးဦး အား ဘူးသီးတောင်မှ တောင်ပဇာ သို့အသွား လမ်းခုလတ်တွင် AA က ဖမ်းဆီးထားသည်။
ထို့အပြင် AA ဖမ်းဆီးထားစဉ်အတွင်း ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံး ခဲ့ပြီး၊ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိုလည်း ယခု အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
အောင်ရဲနောင်
The Ladies News
လစားသွားထုတ်သည့် ရဲလေးဦးကို AA က ပစ်ခတ်တိုက်ခိုက် ရဲနှစ်ဦး​ပျောက်ဆုံးနေ
--- --- ---

ယနေ့ ဇန်နဝါလ ၂ ရက်နေ့တွင် သဇင်မြိုင်နယ်ခြားစောင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ လေဦးသည် ရသေ့တောင်မြို့နယ်ရှိ စေတီပြင် နယ်ခြားစာင့် ရဲစခန်းသို့ လာရောက်ကာ လစာထုတ်ပြီးအပြန်တွင် AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးနေကြောင်း တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က The Ladies News သို့ပြောကြားသည်။
"စေတီပြင်ရဲစခန်းကို လစာထုတ်သွားတယ်။ အပြန်မှာ AA ကနေပြီးမှ ပစ်ခတ် တယ်ပြောတယ်။ လိုက်ရှာနေတယ်။ အခုအထိတော့။ နှစ်ယောက်တော့ စခန်း ပြန်ရောက်တယ်။ နှစ်ယောက်တော့ ပျောက်နေတယ်'' ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။
ရသေ့တောင်မြို့နယ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကလည်း စေတီပြင်ရဲစခန်းသို့ လစာသွားထုတ်သည့် ရဲတပ်ဖွဲ့ဝင်လေးဦး အပြန်တွင် ပစ်ခတ် တိုက်ခိုက်ခြင်းခံရပြီး ထိုအထဲမှ နှစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို တစ်ဆင့်ပြန်လည်ပြောကြားသည်။
"အန်တီတို့က ရွာသားတစ်ယောက်ကို မေးကြည့်လိုက်တာပေါ့။ အန်တီရဲ့ ရသေ့တောင်မြို့နယ်ထဲမှာပါတဲ့ စေတီပြင် တိုက်နယ်ပေါ့။ အဲဒီမှာ ရဲစခန်း ဆိုတာ ရှိတယ်။ သူတို့ရဲ့ရဲလူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာတော့မသိဘူးပေါ့နော်။ သူတို့က စေတီပြင်ကို လစာထုတ်တယ်ပြောပါတယ်။ အပြန်မှာ သေနတ် သံတွေကြားပြီးတော့။ လေးယောက်ထဲက နှစ်ယောက် ဆိုင်ကယ်နဲ့ လာတာ အဖမ်းခံရတယ်'' ဟု သူမက ပြောကြားသည်။
AA အဖွဲ့ မကြာခဏဆိုသလို ဖမ်းဆီးသူများထဲတွင် ရခိုင်ပြည်နယ်၌ တာဝန်ကျနေ သည့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဖက်နှင့် မသက်ဆိုင်သည့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် အစိုးရ ဝန်ထမ်းများ ပါဝင်သည်။
ပြီးခဲ့သည် ဒီဇင်လာလ ၂၄ ရက်နေ့ကလည်း လူဝင်မှုကြီးကြပ်ရေး (လဝက) မှ လက်ထောက်ညွှန်မှူး အပါအဝင် ဝန်ထမ်းသုံးဦး အား ဘူးသီးတောင်မှ တောင်ပဇာ သို့အသွား လမ်းခုလတ်တွင် AA က ဖမ်းဆီးထားသည်။
ထို့အပြင် AA ဖမ်းဆီးထားစဉ်အတွင်း ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံး ခဲ့ပြီး၊ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိုလည်း ယခု အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List