Thursday, January 02, 2020

ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်ကို သိသော်လည်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အစိုးရထံတွင် တောင်းဆိုခွင့်သာရှိဟုဆို

Image may contain: 5 people, people smiling, people standing and outdoor
ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်ကို သိသော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် အစိုးရထံတွင် တောင်းဆိုခွင့်သာရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ် ပေပင်ရှည်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

“ ဒီရွာရဲ့ လမ်းကို ကျွန်တော်တို့ ပြင်ဖို့ တင်ပြပြီးသားပဲ၊ အခုဆို ကလေးတွေ ကျောင်းတက်ဖို့သွားရင် ရေကျော်လမ်းဖြတ်ကူးရင် အသတ်သေဆုံးရတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလေ၊ ဒါမျိုးက လုပ်ကို လုပ်ပေးရမှာ၊ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကိုယ့်ရွာတွေရဲ့ အခြေအနေတွေကို ကောင်းကောင်းသိတယ်၊ လုပ်ပေးပိုင်ခွင့်ရှိဖို့ပဲလိုတယ်။ ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အဝလုပ်ပေးပိုင်ခွင့်မရှိပါဘူး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကို ဖွဲ့စည်းပုံဥပဒေအရ အစိုးရကို တိုက်တွန်းလို့ရတယ်။ တောင်းဆိုလို့ရတယ်။ တင်ပြလို့ရတယ်။ ဒီအဆင့်ထိပဲ လုပ်ပေးလို့ရတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။
ထို့အတူ ကျေးရွာတွင်လိုအပ်နေသည့် ကျောင်းအဆင့်မြှင့်တင်ရန်လိုအပ်မှု ၊ကျောက်ချောလမ်းခင်းရန် စသည့် လိုအပ်ချက်များကို ဒေသခံများက တင်ပြခဲ့ကြပြီး ကိုယ်စားလှယ်များဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က လွှတ်တော်သို့ တင်ပြတောင်းခံသွားမည်ဟု ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
The Ladies News
ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်ကို သိသော်လည်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အစိုးရထံတွင် တောင်းဆိုခွင့်သာရှိဟုဆို

----------------------------------------------------------------------------
ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်ကို သိသော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် အစိုးရထံတွင် တောင်းဆိုခွင့်သာရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ် ပေပင်ရှည်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
“ ဒီရွာရဲ့ လမ်းကို ကျွန်တော်တို့ ပြင်ဖို့ တင်ပြပြီးသားပဲ၊ အခုဆို ကလေးတွေ ကျောင်းတက်ဖို့သွားရင် ရေကျော်လမ်းဖြတ်ကူးရင် အသတ်သေဆုံးရတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလေ၊ ဒါမျိုးက လုပ်ကို လုပ်ပေးရမှာ၊ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကိုယ့်ရွာတွေရဲ့ အခြေအနေတွေကို ကောင်းကောင်းသိတယ်၊ လုပ်ပေးပိုင်ခွင့်ရှိဖို့ပဲလိုတယ်။ ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အဝလုပ်ပေးပိုင်ခွင့်မရှိပါဘူး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကို ဖွဲ့စည်းပုံဥပဒေအရ အစိုးရကို တိုက်တွန်းလို့ရတယ်။ တောင်းဆိုလို့ရတယ်။ တင်ပြလို့ရတယ်။ ဒီအဆင့်ထိပဲ လုပ်ပေးလို့ရတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။
ထို့အတူ ကျေးရွာတွင်လိုအပ်နေသည့် ကျောင်းအဆင့်မြှင့်တင်ရန်လိုအပ်မှု ၊ကျောက်ချောလမ်းခင်းရန် စသည့် လိုအပ်ချက်များကို ဒေသခံများက တင်ပြခဲ့ကြပြီး ကိုယ်စားလှယ်များဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က လွှတ်တော်သို့ တင်ပြတောင်းခံသွားမည်ဟု ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
The Ladies News

No comments:

Post a Comment

My Blog List