Tuesday, December 24, 2019

ထိုင်းနိုင်ငံ အလယ်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ကျောင်းသားတစ်ဦးသေဆုံး


ထိုင်းနိုင်ငံ နွန်သာဘူရီ ပြည်နယ်က အလယ်တန်းစာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက်က အတန်းဖော်ဖြစ်သူကို မုန့်စျေးတန်းမှာ သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို နွန်သာဘူရီရဲတပ်ဖွဲ့က မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး သေနတ်နဲ့ ပစ်ခဲ့တဲ့ကျောင်းသားကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၁၄ နှစ်အရွယ် အဆိုပါကျောင်းသားဟာ ဖခင်ဖြစ်သူရဲ့ သေနတ်ကို ကျောင်းကို မသိအောင်ယူဆောင်လာခဲ့ပြီး ၎င်းကို အနိုင်ကျင့်တဲ့ ကျောင်းသားကို ပစ်သတ်ခဲ့တာလို့သိရပါတယ်။
တရားခံကျောင်းသားဟာ သေနတ်နဲ့ ပစ်ခတ်ပြီးနောက် အဝတ်အစားလဲပြီး ကျောင်းဝန်းထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဆရာ၊ဆရာမတွေနဲ့ အကြီးတန်းကျောင်းသားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
(unicode)
ထိိုင်းနိုင်ငံ အလယ်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ကျောင်းသားတစ်ဦးသေဆုံး
-------------------------

ထိုင်းနိုင်ငံ နွန်သာဘူရီ ပြည်နယ်က အလယ်တန်းစာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက်က အတန်းဖော်ဖြစ်သူကို မုန့်ဈေးတန်းမှာ သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို နွန်သာဘူရီရဲတပ်ဖွဲ့က မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး သေနတ်နဲ့ ပစ်ခဲ့တဲ့ကျောင်းသားကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၁၄ နှစ်အရွယ် အဆိုပါကျောင်းသားဟာ ဖခင်ဖြစ်သူရဲ့ သေနတ်ကို ကျောင်းကို မသိအောင်ယူဆောင်လာခဲ့ပြီး ၄င်းကို အနိုင်ကျင့်တဲ့ ကျောင်းသားကို ပစ်သတ်ခဲ့တာလို့သိရပါတယ်။

တရားခံကျောင်းသားဟာ သေနတ်နဲ့ ပစ်ခတ်ပြီးနောက် အ၀တ်အစားလဲပြီး ကျောင်း၀န်းထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဆရာ၊ဆရာမတွေနဲ့ အကြီးတန်းကျောင်းသားတွေက ၀ိုင်း၀န်းဖမ်းဆီးခဲ့တယ််လို့သိရပါတယ်။

No comments:

Post a Comment

My Blog List