Tuesday, December 24, 2019

ဒေါက်တာအေးဇော်ထွန်းတို့သားအဖသေဆုံးမှုအကြောင်းအရင်း ရဲတပ်ဖွဲ့ စတင်စစ်ဆေး

Image may contain: 1 person, sittingImage may contain: one or more people, crowd and outdoor
အတ္ထရံမြစ်ထဲနစ်မြှပ်နေသည့် ကားထဲမှ ဒေါက်တာအေးဇော်ထွန်းတို့သားအဖရုပ်အလောင်းများကို တွေ့ရှိထားပြီဖြစ်၍ စစ်ဆေးမှုများစတင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့က Myanmar Harpကိုပြောသည်။

“လူပျောက်တိုင်ထားတဲ့ ဒေါက်တာအေးဇော်ထွန်းတို့သားအဖ စီးနင်းလာတဲ့ကားက ညောင်ပင်ဆိပ် အတ္ထရံမြစ်ဘက်ကို မောင်းသွားတယ်ဆိုတဲ့ စီစီတီဗီမှတ်တမ်းတစ်ခု ကျွန်တော်တို့ရလိုက်တယ်။ဒါနဲ့ပဲ မနက်ပိုင်းကစပြီး ရှာဖွေတာတွေလုပ်တယ်။နေ့လယ်ပိုင်းမှာ ကားကိုတွေ့တယ်။ပထမတော့ ရုပ်အလောင်းတစ်ခုပဲတွေ့တယ်။နောက် ရွှံနွံတွေထဲ ကလေးအလောင်းကိုပါထပ်တွေ့တယ်။ဒီတော့ ဒါဟာ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖလို့ အတည်ပြုပါတယ်။ လက်ရှိမှာတော့ လူပျောက်တိုင်ထားတဲ့ အမှုပဲ ရှိသေးတယ်။စစ်ဆေးတာတွေလုပ်နေပါတယ်။ရုပ်အလောင်းကိုရော၊ကားရော ပြီးတာနဲ့ ရဲလုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့ဆက်လုပ်သွားဖို့ရှိပါတယ်“ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။
ဒေါက်တာအေးဇော်ထွန်းတို့ သားအဖပျောက်ဆုံးနေသည်မှာ ဒီဇင်ဘာလ ၅ရက်နေ့ညကတည်းကဖြစ်သည်။
ထိုနေ့ည ၈နာရီကျော်အချိန်က ဒေါက်တာအေးဇော်ထွန်းသည် ဆေးခန်းပိတ်ပြီး ည၈နာရီခွဲပတ်ဝန်းကျင်တွင် ၎င်း၏သားဖြစ်သူနှင့်အတူ ကားဖြင့်အပြင်ထွက်သွားရင်းမှတဆင့် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
Image may contain: one or more people, people walking, people standing and outdoor
Myanmar Harp

No comments:

Post a Comment

My Blog List