Monday, December 23, 2019

ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားအသတ်ခံရမှုမှ ကျုးလွန်သူကို ထောင်ဒဏ်နှစ်(၃၀)ချမှတ်


မန္တလေး အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်မှ ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ဓားထိုးသတ်ခံရမှုမှ ကျူးလွန်းသူအား ဒီဇင်ဘာ ၂၃ ရက်တွင် မန္တလေးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် အနှစ်(၃၀)ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုစိုးမိုးဟိန်းအား လုယက်သတ်ဖြတ်ခဲ့သူ နေထက်ရှိုင်း(ခ)ဝက်ပစ်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ တို့ဖြင့် တရားစွဲတင်စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂အတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်(၂၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၄အတွက် အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ် သီးခြားစီကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။
နေထက်ရှိုင်း(ခ)ဝက်ပစ်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအားစစ်ဆေးရာ လူသတ်မှုကျူးလွန်ရာ၌ နောက်ထပ်ပူးပေါင်းပါဝင်သူများရှိကြောင်း သိရှိခဲ့ရသော်လည်း ဖမ်းဆီးရမိခြင်းမရှိချေ။
"ဒီအမှုမှာက အစကတော့ သံသယတရားခံလေးဦးပါ။ တရားခွင်စစ်ဆေးချက်အရ သုံးဦးပဲဖြစ်တဲ့အတွက် ဆက်လက်စစ်ဆေးခဲ့တယ်။
တရားလိုနဲ့ လိုပြသက်သေ (၂၃)နဲ့ တရားခံပြသက်သေတဦးတို့ကို စစ်ဆေးခဲ့ပါတယ်။ တရားခံပြေးနှစ်ဦးကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက ပြောကြားခဲ့သည်။

အဆိုပါအမှုတွင် တရားရုံးက တရားခံပြေးအဖြစ်ကြေညာထားသူများမှာ ဇွဲကိုနှင့်ချစ်တုန်ဆိုသူတို့ဖြစ်သည်။
ယနေ့အပြီးသတ်အမိန့်ချမှတ်ရာသို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့(ဗကသ)ဝင်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ လူဦးရေ(၅၀)ကျော် လာရောက် ဝန်းရံခဲ့ကြသည်။
"အမှုအခြေအနေမှာ ကျန်ရှိတဲ့တရားခံ(၃)ဦးကို ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးဘူး။ အမှန်တရားပျောက်ဆုံးနေတဲ့ ကိုစိုးမိုးဟိန်းအမှုအတွက် အမှန်တရားပေါ်ပေါက်ဖို့ တရားရုံးမှာလာရောက်ဝန်းရံပေးကြခြင်းဖြစ်ပါတယ်"ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့(ဗကသ)မှ ကိုဘချစ်က ပြောသည်။
ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၂၅)ရက်နေ့ ည(၇)နာရီခွဲချိန်ခန့်က မန္တလေး အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်းတာရိုးပေါ်တွင် သမီးရည်းစားဖြစ်သူ မ---နှင့်အတူထိုင်နေစဉ် ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိလူတစုရောက်ရှိလာပြီး ဓားဖြင့်ထိုးခဲ့မှုကြောင့် သေဆုံးခဲ့သည်။
ကိုစိုးမိုးဟိန်း သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ် (၂) ရက်နေ့က ခိုးမှုဖြင့်မင်္သကာ၍ဖမ်းဆီးထားခဲ့သည့် နေထက်ရှိုင်း(ခ)ဝက်ပစ်အားစစ်ဆေးရာမှ ကိုစိုးမိုးဟိန်းအသတ်ခံရမှုတွင်ပါဝင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အမပူရမြို့မရဲစခန်းတွင် (ပ)၇၁၇/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထားပြီး မတ်လထဲတွင် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။
Image may contain: 7 people, people standing
Image may contain: 6 people, people standing
Image may contain: 5 people, people standing
Image may contain: one or more people, people standing, crowd and outdoor
ဦးရာဇ
(Zawgyi)
ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားအသတ်ခံရမှုမှ ကျုးလွန်သူကို ထောင်ဒဏ်နှစ်(၃၀)ချမှတ်
------- ------- ------ ----- -----

မန္တလေး အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်မှ ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ဓားထိုးသတ်ခံရမှုမှ ကျူးလွန်းသူအား ဒီဇင်ဘာ ၂၃ ရက်တွင် မန္တလေးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် အနှစ်(၃၀)ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ကိုစိုးမိုးဟိန်းအား လုယက်သတ်ဖြတ်ခဲ့သူ နေထက်ရှိုင်း(ခ)ဝက်ပစ်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ တို့ဖြင့် တရားစွဲတင်စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂အတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်(၂၀)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၄အတွက် အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ် သီးခြားစီကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။
နေထက်ရှိုင်း(ခ)ဝက်ပစ်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအားစစ်ဆေးရာ လူသတ်မှုကျူးလွန်ရာ၌ နောက်ထပ်ပူးပေါင်းပါဝင်သူများရှိကြောင်း သိရှိခဲ့ရသော်လည်း ဖမ်းဆီးရမိခြင်းမရှိချေ။
"ဒီအမှုမှာက အစကတော့ သံသယတရားခံလေးဦးပါ။ တရားခွင်စစ်ဆေးချက်အရ သုံးဦးပဲဖြစ်တဲ့အတွက် ဆက်လက်စစ်ဆေးခဲ့တယ်။
တရားလိုနဲ့ လိုပြသက်သေ (၂၃)နဲ့ တရားခံပြသက်သေတဦးတို့ကို စစ်ဆေးခဲ့ပါတယ်။ တရားခံပြေးနှစ်ဦးကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက ပြောကြားခဲ့သည်။

အဆိုပါအမှုတွင် တရားရုံးက တရားခံပြေးအဖြစ်ကြေညာထားသူများမှာ ဇွဲကိုနှင့်ချစ်တုန်ဆိုသူတို့ဖြစ်သည်။
ယနေ့အပြီးသတ်အမိန့်ချမှတ်ရာသို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့(ဗကသ)ဝင်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ လူဦးရေ(၅၀)ကျော် လာရောက် ဝန်းရံခဲ့ကြသည်။
"အမှုအခြေအနေမှာ ကျန်ရှိတဲ့တရားခံ(၃)ဦးကို ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးဘူး။ အမှန်တရားပျောက်ဆုံးနေတဲ့ ကိုစိုးမိုးဟိန်းအမှုအတွက် အမှန်တရားပေါ်ပေါက်ဖို့ တရားရုံးမှာလာရောက်ဝန်းရံပေးကြခြင်းဖြစ်ပါတယ်"ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့(ဗကသ)မှ ကိုဘချစ်က ပြောသည်။
ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ(၂၅)ရက်နေ့ ည(၇)နာရီခွဲချိန်ခန့်က မန္တလေး အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်းတာရိုးပေါ်တွင် သမီးရည်းစားဖြစ်သူ မ---နှင့်အတူထိုင်နေစဉ် ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိလူတစုရောက်ရှိလာပြီး ဓားဖြင့်ထိုးခဲ့မှုကြောင့် သေဆုံးခဲ့သည်။
ကိုစိုးမိုးဟိန်း သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ် (၂) ရက်နေ့က ခိုးမှုဖြင့်မင်္သကာ၍ဖမ်းဆီးထားခဲ့သည့် နေထက်ရှိုင်း(ခ)ဝက်ပစ်အားစစ်ဆေးရာမှ ကိုစိုးမိုးဟိန်းအသတ်ခံရမှုတွင်ပါဝင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အမပူရမြို့မရဲစခန်းတွင် (ပ)၇၁၇/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထားပြီး မတ်လထဲတွင် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။
ဦးရာဇ

No comments:

Post a Comment

My Blog List