Friday, January 03, 2020

ကမ္ဘောဇဘဏ် လုပ်ငန်းစု နာယကကြီး ဦးအောင်ကိုဝင်း နိုင်ငံတော်သမ္မတ ကိုယ်တိုင်ပေးအပ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်ခံရ

Image may contain: 1 person, sittingNo photo description available.
အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် အနေဖြင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ပေးအပ်ချီးမြင့်မည့် သရေစည်သူဘွဲ့ ကို ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ကမ္ဘောဇဘဏ်လုပ်ငန်းစု ထည်ထောင်သူ နာယကကြီး ဦးအောင်ကိုဝင်းအား ပေး အပ် ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဘွဲ့ ပေးအပ်ချီးမြှင့်မှုနှင့် ပတ်သက်၍ ဇန်နဝါရီလ (၄) ရက် သို့မဟုတ် (၅) ရက်တွင် နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ကြေ ညာ သွားရန်ရှိေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အကုန်သိသတင်းဌာနက စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ သရေစည်သူဘွဲ့ချီးမြှင့်ရန် စီစဉ်နေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး မုံရွာအောင် ရှင်ထံ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ဖြေကြားခဲ့သည်။
“အရင် စစ်အစိုးရ လက်ထက်တုန်းက သူတို့ကို ထောက်ပံ့တဲ့လူ၊ သူတို့ကို ကူညီတဲ့လူတွေကို ဘွဲ့တံဆိပ်တွေ ပေးတာပဲ။ အဲဒီ တုန်းက ဘွဲ့တံဆိပ်တွေ ဖောင်းပွခဲ့တယ်။ အခုဒီဘက်ခေတ် ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီဘွဲ့တံဆိပ်က သေချာစိစစ်ပြီးမှ ရသင့်ရထိုကတဲ့ သူကို ပေးတာဖြစ်တယ်။ အဲဒီလိုတော့ ကွာခြားတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာလည်း ရှိပါတယ်။ ကြီး ပွားချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးများက ပြည်သူကို ပံ့ပိုးပါ။ ကူညီပါ။ ပြည်သူသက်သာ ချောင်ချိရေးကို လုပ်ဆောင်ပါဆိုတာမှာ အဲဒီလိုလုပ်လို့ သူ့ကိုထိုက်တန်စွာ ဘွဲ့ထူးဂုဏ်ထူးကတော့ ပေးရမှာပဲဗျ”ဟု မုံရွာ ဦးအောင်ရှင်က ပြောသည်။
သရေစည်သူဘွဲ့သည် ပြည်ထောင်စု စည်သူသင်္ဂဟ ဘွဲ့ ၅ မျိုးတွင် အပါအဝင်ဖြစ်ပြီး စတုတ္တတန်းစားဘွဲ့ဖြစ်ကာ ၁၉၄၈ ခုနှစ်ဇန်န ဝါရီ ၄ ရက်တွင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိချိန်မှစ၍ နှစ်စဉ် နိုင်ငံတော်သမ္မတက ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးများ လည်းဖြစ်သည်။
ယခင် အစိုးရများ လက်ထက်က အဆိုပါ သရေစည်သူဘွဲ့ကို နိုင်ငံတော်တွင် အမြင့်ဆုံးတာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များကို သာ ပေးအပ်ချီးမြှင့်လေ့ရှိပြီး NLD အရပ်သားအစိုးရလက်ထက်တွင် ပြင်ပမှ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား ပထမ ဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးကာ ကိုယ်တိုင် ချီးမြှင့် ပေးအပ်သွားမည် ဖြစ်သည်။
အဆိုပါ ဘွဲ့အား ဦးအောင်ကိုဝင်း ချီးမြှင့်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှလည်း ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင့် တရားဝင် ဖော်ပြသွားဖွယ်ရှိနေ ကြောင်းလည်း သိရသည်။
ပြည်ထောင်စုသင်္ဂဟဘွဲ့များတွင် အဂ္ဂမဟာသရေစည်သူ၊ သတိုးမဟာသရေစည်သူ၊ မဟာစည်သူ၊ သရေစည်သူ၊ စည်သူဘွဲ့ ဟူ ၍ရှိပြီး သရေစည်သူဘွဲ့ရရှိခဲ့သူများမှာ လဲချားစော်ဘွားကြိးစပ်နွံ၊ ကျေးသီးစော်ဘွား စပ်ရွှေမှုံ၊ မိုးနဲစော်ဘွားစပ်ပြည့်၊ ဗိုလ်ကျော် ဇော၊ ဘခင်၊ ဦးချန်ထွန်းအောင်၊ မှူးသမိန်၊ ဦးစန်းယု၊ ဦးအောင်ရွှေ၊ သီဟသူရ စစ်မောင်၊ ဦးဉာဏ်ထွန်း စသည့် လူပုဂ္ဂိုလ်တို့ ဖြစ် သည်။
No photo description available.
မင်းသီဟန် ( အကုန်သိ သတင်းဌာန ) 

<<< Unicode Version >>>
ကမ္ဘောဇဘဏ် လုပ်ငန်းစု နာယကကြီး ဦးအောင်ကိုဝင်း နိုင်ငံတော်သမ္မတ ကိုယ်တိုင်ပေးအပ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်ခံရ
------ မင်းသီဟန် ( အကုန်သိ သတင်းဌာန ) -----
အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် အနေဖြင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ပေးအပ်ချီးမြင့်မည့် သရေစည်သူဘွဲ့ ကို ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ကမ္ဘောဇ ဘဏ်လုပ်ငန်းစု ထည်ထောင်သူ နာယကကြီး ဦးအောင်ကိုဝင်းအား ပေး အပ် ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သရေစည်သူဘွဲ့ချီးမြှင့်ရန် စီစဉ်နေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး မုံရွာအောင် ရှင်ထံ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ဖြေကြားခဲ့သည်။
“အရင် စစ်အစိုးရ လက်ထက်တုန်းက သူတို့ကို ထောက်ပံ့တဲ့လူ၊ သူတို့ကို ကူညီတဲ့လူတွေကို ဘွဲ့တံဆိပ်တွေ ပေးတာပဲ။ အဲဒီ တုန်းက ဘွဲ့တံဆိပ်တွေ ဖောင်းပွခဲ့တယ်။ အခုဒီဘက်ခေတ် ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီဘွဲ့တံဆိပ်က သေချာစိစစ်ပြီးမှ ရသင့်ရထိုကတဲ့ သူကို ပေးတာဖြစ်တယ်။ အဲဒီလိုတော့ ကွာခြားတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာလည်း ရှိပါတယ်။ ကြီး ပွားချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးများက ပြည်သူကို ပံ့ပိုးပါ။ ကူညီပါ။ ပြည်သူသက်သာ ချောင်ချိရေးကို လုပ်ဆောင်ပါဆိုတာမှာ အဲဒီလိုလုပ်လို့ သူ့ကိုထိုက်တန်စွာ ဘွဲ့ထူးဂုဏ်ထူးကတော့ ပေးရမှာပဲဗျ”ဟု မုံရွာ ဦးအောင်ရှင်က ပြောသည်။
သရေစည်သူဘွဲ့သည် ပြည်ထောင်စု စည်သူသင်္ဂဟ ဘွဲ့ ၅ မျိုးတွင် အပါအဝင်ဖြစ်ပြီး စတုတ္တတန်းစားဘွဲ့ဖြစ်ကာ ၁၉၄၈ ခုနှစ်ဇန်န ဝါရီ ၄ ရက်တွင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိချိန်မှစ၍ နှစ်စဉ် နိုင်ငံတော်သမ္မတက ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးများ လည်းဖြစ်သည်။
ယခင် အစိုးရများ လက်ထက်က အဆိုပါ သရေစည်သူဘွဲ့ကို နိုင်ငံတော်တွင် အမြင့်ဆုံးတာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များကို သာ ပေးအပ်ချီးမြှင့်လေ့ရှိပြီး NLD အရပ်သားအစိုးရလက်ထက်တွင် ပြင်ပမှ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအား ပထမ ဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးကာ ကိုယ်တိုင် ချီးမြှင့် ပေးအပ်သွားမည် ဖြစ်သည်။
အဆိုပါ ဘွဲ့အား ဦးအောင်ကိုဝင်း ချီးမြှင့်ခံရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှလည်း ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင့် တရားဝင် ဖော်ပြသွားဖွယ်ရှိနေ ကြောင်းလည်း သိရသည်။
ပြည်ထောင်စုသင်္ဂဟဘွဲ့များတွင် အဂ္ဂမဟာသရေစည်သူ၊ သတိုးမဟာသရေစည်သူ၊ မဟာစည်သူ၊ သရေစည်သူ၊ စည်သူဘွဲ့ ဟူ ၍ရှိပြီး သရေစည်သူဘွဲ့ရရှိခဲ့သူများမှာ လဲချားစော်ဘွားကြိးစပ်နွံ၊ ကျေးသီးစော်ဘွား စပ်ရွှေမှုံ၊ မိုးနဲစော်ဘွားစပ်ပြည့်၊ ဗိုလ်ကျော် ဇော၊ ဘခင်၊ ဦးချန်ထွန်းအောင်၊ မှူးသမိန်၊ ဦးစန်းယု၊ ဦးအောင်ရွှေ၊ သီဟသူရ စစ်မောင်၊ ဦးဉာဏ်ထွန်း စသည့် လူပုဂ္ဂိုလ်တို့ ဖြစ် သည်။

No comments:

Post a Comment

My Blog List