Friday, January 03, 2020

မြေရှားသတ္တုကို ကုန်သွယ်စစ်ပွဲမှာ လက်နက်အဖြစ် တရုတ်အသုံးပြု

Image may contain: outdoor and nature
ပြီးခဲ့တဲ့မေလက စတင်လာတဲ့ အမေရိကန်နဲ့တရုတ်တို့ရဲ ကုန်သွယ်ရေးစစ်ပွဲမှာ မြေရှားဒြပ်စင်၊ ပဲဘီစပ်နဲ့ စားအုန်းဆီတို့ကို လက်နက်အနေနဲ့သုံးခဲ့တယ်လို့ ရှန်ဟိုင်းနဲ့ တိုကျိုကလာတဲ့သတင်းတွေမှာ ဖေါ်ပြပါတယ်။

ကုန်သွယ်ရေးစစ်ပွဲစတင်ချိန်မှာ တရုတ်သမ္မတ ရှီကျင်းပင်ဟာ မြေရှားဒြပ်စင် သန့်စင်စက်ရုံကို သွားရောက်ခဲ့ပါတယ်။ ကမ္ဘာ့မြေရှားဒြပ်စင်ထွက်ရှိမှုရဲ့ ၉၀% ရရှိထားတဲ့ တရုတ်အနေနဲ့ ဒီသတ္တုကို လက်နက်အနေနဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ သုံးခဲ့တယ်လို့ ဂျပန်စီးပွားရေးအကြံပေး ရိုရှီကာဇူ ဝါတာနာဘေးက ၂၀၁၉ ခုနှစ် စီးပွားရေးသုံးသတ်ချက်မှာ လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ ထုတ်ကုန်များလို့ အမည်ပေးခဲ့ပါတယ်။ တရုတ်ဟာကုန်သွယ်ရေးစစ်ပွဲမှာ ဒီထုတ်ကုန်တွေကို လက်နက်အဖြစ်သုံးခဲ့သလို မြေရှားဒြပ်စင်ကို မှီခိုနေတဲ့ လုပ်ငန်းတွေကိုပါ ကိုင်လှုပ်ခဲ့တယ်လို့ ပြင်သစ်ပညာရှင်တဦးကလည်း ထောက်ပြပါတယ်။
တရုတ်ပြည်ကထုတ်လုပ်တဲ့ မြေရှားဒြပ်စင်တွေဟာ အိမ်နီးချင်းမြန်မာနိုင်ငံက သတ္တုရိုင်းအနေနဲ့ တင်သွင်းလာတာများပြီး တူးဖေါ်နေတာတွေဟာ ခွင့်ပြုချက်တချို့ရှိပြီး တချို့ကတော့ ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်နေတာပါ။ ပြီးခဲ့တဲ့လကတော့ မြန်မာနိုင်ငံက တင်သွင်းနေတာတွေကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအကြောင်းပြပြီး ပိတ်လိုက်တာကြောင့် ဈေးတွေထိုးတက်ခဲ့ပါတယ်။
Unicode
~~~~~~~~~~~~~~~

မြေရှားသတ္တုကို ကုန်သွယ်စစ်ပွဲမှာ လက်နက်အဖြစ် တရုတ်အသုံးပြု
~~~~~~

- Zawgyi
~~~~~~~~~~~~~~~
Photo: Elizabeth/RFA

(ကချင်ပြည်နယ် ချီဖွေမြို့နယ်က မြေရှားသတ္တုတူးဖော်မှုကို တွေ့ရစဉ် )

No comments:

Post a Comment

My Blog List