Friday, January 03, 2020

နိုင်ငံကူးလက်မှတ်အတုနဲ့ တရုတ်နိုင်ငံသား လေးဦး ထိုင်း ဖမ်းဆီး

Image may contain: 2 people, people standing
မြန်မာနိုင်ငံကို တရားမဝင် သွားရောက်မယ့် တရုတ်နိုင်ငံသား လေးဦးကို မနေ့က ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ တရုတ်နိုင်ငံသားတွေဟာ ကရင်ပြည်နယ်က ရွှေကုက္ကိုအထူးစီးပွားရေးဇုံနဲ့ ကာစီနိုကစားဝိုင်းတွေကို သွားရောက်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကတဆင့် နိုင်ငံကူးလက်မှတ်အတုတွေကို ကိုင်ဆောင်အသုံးပြုပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ထိုင်းအရာရှိတဦးက ပြောပါတယ်။

ပတ်စ်ပို့အတု တခုကို ဘတ်ငွေ သုံးသောင်းစီနဲ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရောက်အောင် ကားမောင်းပို့ဖို့အတွက် ထိုင်းယဉ်မောင်းကို ဘတ်ငွေ ၉ဝဝဝ စီပေးခဲ့ကြရတယ်လို့လည်း အဲဒီသူတွေက ဝန်ခံကြတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ထိုင်း မြန်မာနယ်ခြားမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူတွေကို ဖမ်းဆီးရလေ့ရှိပေမယ့် အခုလတ်တလောကာလတွေအတွင်း နိုင်ငံကူးလက်မှတ်အတုတွေနဲ့ ရွှေကုက္ကိုအထူးစီးပွားရေးဇုံကို သွားဖို့ ထိုင်းနိုင်ငံကတဆင့် ခိုးဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ တနေ့တခြား ပိုမိုများပြားလာနေတယ်လို့ ထိုင်းလူဝင်မှု အရာရှိတွေက ပြောပါတယ်။
RFA

Unicode
~~~~~~~~~~~~~~~

နိုင်ငံကူးလက်မှတ်အတုနဲ့ တရုတ်နိုင်ငံသား လေးဦး ထိုင်း ဖမ်းဆီး
~~~~~~
■ မြန်မာနိုင်ငံကို တရားမဝင် သွားရောက်မယ့် တရုတ်နိုင်ငံသား လေးဦးကို မနေ့က ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ တရုတ်နိုင်ငံသားတွေဟာ ကရင်ပြည်နယ်က ရွှေကုက္ကိုအထူးစီးပွားရေးဇုံနဲ့ ကာစီနိုကစားဝိုင်းတွေကို သွားရောက်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကတဆင့် နိုင်ငံကူးလက်မှတ်အတုတွေကို ကိုင်ဆောင်အသုံးပြုပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ထိုင်းအရာရှိတဦးက ပြောပါတယ်။

ပတ်စ်ပို့အတု တခုကို ဘတ်ငွေ သုံးသောင်းစီနဲ့ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရောက်အောင် ကားမောင်းပို့ဖို့အတွက် ထိုင်းယဉ်မောင်းကို ဘတ်ငွေ ၉ဝဝဝ စီပေးခဲ့ကြရတယ်လို့လည်း အဲဒီသူတွေက ဝန်ခံကြတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ထိုင်း မြန်မာနယ်ခြားမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူတွေကို ဖမ်းဆီးရလေ့ရှိပေမယ့် အခုလတ်တလောကာလတွေအတွင်း နိုင်ငံကူးလက်မှတ်အတုတွေနဲ့ ရွှေကုက္ကိုအထူးစီးပွားရေးဇုံကို သွားဖို့ ထိုင်းနိုင်ငံကတဆင့် ခိုးဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ တနေ့တခြား ပိုမိုများပြားလာနေတယ်လို့ ထိုင်းလူဝင်မှု အရာရှိတွေက ပြောပါတယ်။
- Zawgyi
~~~~~~~~~~~~~~~
Photo: Saw FB

No comments:

Post a Comment

My Blog List