Friday, January 03, 2020

ရွှေတိဂုံ နိုင်ငံခြားသားဧည့်ဝင်ကြေး တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်ရရှိ

Image may contain: 1 person, sky and outdoor
၂၀၁၉ခုနှစ် တစ်နှစ်တာကာလအတွင်း ရွှေတိဂုံစေတီတော်သို့လာရောက်လေ့လာဖူးမြော်ကြသည့် ပြည်ပဧည့်သည်များထံမှ ဧည့်ဝင်ကြေး ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးအဖွဲ့ထံ သိရသည်။

ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုများတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသားများသည် အများဆုံးဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကထက် သုံးပုံတစ်ပုံ ပို၍များလာကြောင်း ရွှေတိဂုံစေတီတော်ဂေါပကရုံးအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောဆိုသည်။
'အရင်နှစ်ကထက်စာရင် နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက သုံးပုံတစ်ပုံ ပိုပြီးများလာတယ်။ ဧည့်သည်အများဆုံးဝင်ရောက်တာကတော့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံသားက အများဆုံးပါပဲ။ ခရီးသွားကင်းလွတ်ခွင့်တွေက ပိုပြီးလွတ်လွတ်လပ်လပ်ဖြစ်လာတဲ့အတွက် နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက ပိုပြီးတော့များလာတယ်'ဟု ၎င်းကပြောဆိုသည်။
နိုင်ငံခြားသားဧည့်သည်များထံမှရရှိလာသည့် ဧည့်ဝင်ကြေးများမှာ ဇန်နဝါရီလအတွင်းက ကျပ် ၇၄၃၈၉၉၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၂၀၊ ဖေဖော်ဝါရီလအတွင်းက ကျပ် ၈၂၄၁၁၃၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၂၀၀၊ မတ်လအတွင်းက ကျပ် ၇၆၁၃၉၄၅၀၀နှင့် အမေရိကန်ဒေါ်လာ ၁၃၀၊ ဧပြီလအတွင်းက ကျပ် ၅၁၁၆၃၉၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၅၀၊ မေလအတွင်းက ကျပ် ၅၁၄၂၀၆၀၀၀နှင့် အမေရိကန်ဒေါ်လာ ၁၂၀ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန်လအတွင်းက ကျပ် ၄၃၆၅၃၄၀၀၀ အမေရိကန်ဒေါ်လာ ၈၀၊ ဇူလိုင်လအတွင်းက ကျပ် ၄၉၂၄၉၆၀၀၀နှင့် အမေရိကန်ဒေါ်လာ ၁၅၀၊ ဩဂုတ်လအတွင်းက ကျပ် ၅၄၈၄၀၂၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၇၀၊ စက်တင်ဘာလအတွင်းက ကျပ် ၄၈၁၈၇၄၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၆၀၊ အောက်တိုဘာလအတွင်းက ကျပ် ၆၄၇၄၀၆၀၀၀နှင့် အမေရိကန်ဒေါ်လာ ၃၀၊ နိုဝင်ဘာလအတွင်းက ကျပ် ၈၆၆၂၀၅၅၀၀နှင့် အမေရိကန်ဒေါ်လာ ၅၀၊ ဒီဇင်ဘာလအတွင်းက ကျပ် ၉၂၆၇၈၇၀၀၀နှင့် အမေရိကန်ဒေါ်လာ ၂၃၀ ရရှိခဲ့ပြီး တစ်နှစ်ပတ်လုံး မြန်မာငွေ စုစုပေါင်း ကျပ် ၇၇၅၄၉၅၇၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၃၉၀ ရရှိခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုများတွင် ဇန်နဝါရီလအတွင်းက ၇၄၄၇၇ ဦး၊ ဖေဖော်ဝါရီလအတွင်းက ၈၂၅၁၄ ဦး၊ မတ်လအတွင်းက ၇၆၂၃၇ ဦး၊ ဧပြီလအတွင်းက ၅၁၂၅၃ဦး၊ မေလအတွင်းက ၅၁၄၉၈ ဦး၊ ဇွန်လအတွင်းက ၄၃၇၂၆ ဦး၊ ဇူလိုင်လအတွင်းက ၄၉၃၁၁ ဦး၊ ဩဂုတ်လအတွင်းက ၅၄၉၂၈ ဦး၊ စက်တင်ဘာလအတွင်းက ၄၈၂၇၄ဦး၊ အောက်တိုဘာလအတွင်းက ၆၄၈၂၇ ဦး၊ နိုဝင်ဘာလအတွင်းက ၈၆၇၀၈ ဦး၊ ဒီဇင်ဘာလအတွင်းက ၉၂၈၀၆ ဦး တစ်နှစ်ပတ်လုံး စုစုပေါင်း ၇၇၆၅၅၉ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေး ကျပ် ၈၀၀၀ ကောက်ခံနေရာမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်၍ နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ကျပ် ၁၀၀၀၀ တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - အိဟေမာ
.................................................................
(Unicode Version)

No comments:

Post a Comment

My Blog List