Friday, January 03, 2020

ရိုဟင်ဂျာတွေ ညှဉ်းပန်းခံရမှု မြန်မာ မငြင်းဟု ဘင်္ဂလားဒေ့ရှ် ပြောကြား

Image may contain: 1 person, eyeglasses
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ်ဒူလ် မိုမင် Abdul Momen က ရိုဟင်ဂျာတွေ ရက်စက်စွာညှဉ်းပန်းခြေမှုန်းခံခဲ့ရတယ်ဆိုတဲ့အချက်ကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာ အစိုးရအနေနဲ့ ငြင်းဆိုခဲ့ခြင်း မရှိပါဘူး၊ Genocide လူမျိုးတုံး သတ်ဖြတ်မှု ပေါ်ပေါက် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုသာ မြန်မာနိုင်ငံက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်သာလန်နိုင်ငံ သဟိက်မြို့ တရားရုံးမှာ လျှောက်ထားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ ဒါကာမြို့မှာ ကျင်းပတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းဓါတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားမှာ သူက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ မိမိတို့ နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်ဟာ ကော့ဇ်ဘဇားဒေသခံ လူဦးရေထက် နှစ်ဆများပါတယ်။ သူတို့ကြောင့် ဒေသအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတဲ့ဒဏ်တွေကို ခံစားနေရပါပြီ၊ ဒီဒုက္ခသည်တွေ မြန်မာပြည် ပြန်ပို့ရေးအတွက် သံတမန်နည်းအရ အစွမ်းကုန်ကြိုးစားနေပါတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ်ဒူလ် မိုမင် က ပြောကြားပါတယ်။
RFA

Unicode
~~~~~~~~~~~~~~~

ရိုဟင်ဂျာတွေ ညှဉ်းပန်းခံရမှု မြန်မာ မငြင်းဟု ဘင်္ဂလားဒေ့ရှ် ပြောကြား
~~~~~~

- Zawgyi
~~~~~~~~~~~~~~~

Photo: SAUL LOEB / AFP

No comments:

Post a Comment

My Blog List