Thursday, January 02, 2020

ဆေးခြောက်အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား ဆက်သွယ်လို့မရ

Image may contain: 5 people, people smiling, people standing
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဥယျာဉ်အတွင်းမှာ ဆေးခြောက်လျှော်ပင်တွေ စိုက်ပျိုးခဲ့လို့ တရားစွဲခံထားရတဲ့ အာမခံနဲ့အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်နဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ အဲဒီ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အမှုကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်လို့မရခဲ့တာကြောင့် ငါန်းဇွန်မြို့ နယ်တရားရုံးမှာ ရှေ့နေ ပါဝါကို ပြန်ရုပ်သိမ်းခဲ့ပြီး မြင်းခြံခရိုင်တရားရုံးမှာလည်း ပါဝါရုပ်သိမ်းဖို့ လျှောက်ထားမယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
John Todoroki ဂျွန်တိုဒိုရိုကီ၊ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
မစ္စတာဂျွန်ကတော့ ကျန်းမာရေးအရ အာမခံလျှောက်ထားခဲ့လို့ မြင်းခြံခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လက အာမခံပေးခဲ့ပြီး မန္တလေးမြို့က ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။
နောက်ထပ်ရုံးချိန်းကို မြင်းခြံခရိုင်တရားရုံးမှာ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

RFA
Unicode
ဆေးခြောက်အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား ဆက်သွယ်လို့မရ
~~~~~~~~~~
■ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဥယျာဉ်အတွင်းမှာ ဆေးခြောက်လျှော်ပင်တွေ စိုက်ပျိုးခဲ့လို့ တရားစွဲခံထားရတဲ့ အာမခံနဲ့အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်နဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ အဲဒီ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အမှုကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်လို့မရခဲ့တာကြောင့် ငါန်းဇွန်မြို့ နယ်တရားရုံးမှာ ရှေ့နေ ပါဝါကို ပြန်ရုပ်သိမ်းခဲ့ပြီး မြင်းခြံခရိုင်တရားရုံးမှာလည်း ပါဝါရုပ်သိမ်းဖို့ လျှောက်ထားမယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
John Todoroki ဂျွန်တိုဒိုရိုကီ၊ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
မစ္စတာဂျွန်ကတော့ ကျန်းမာရေးအရ အာမခံလျှောက်ထားခဲ့လို့ မြင်းခြံခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လက အာမခံပေးခဲ့ပြီး မန္တလေးမြို့က ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။
နောက်ထပ်ရုံးချိန်းကို မြင်းခြံခရိုင်တရားရုံးမှာ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
- Zawgyi
~~~~~~~~~~~~~
Photo: AP
အမေရိကန်နိုင်ငံသား John Todoroki ကို မြင်းခြံခရိုင်တရားရုံးမှာ ၂ဝ၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စဉ်။

No comments:

Post a Comment

My Blog List