Friday, January 03, 2020

အနည်းဆုံးလုပ်ခလစာနှုန်းထားတစ်ခုသတ်မှတ်နိုင်ရေး တိုင်းနှင့်ပြည်နယ်များရှိအလုပ်သမားများထံ မကြာမီစစ်တမ်းကောက်ယူမည်

Image may contain: 3 people, people standing, hat and outdoorImage may contain: cloud, sky and outdoor
အနည်းဆုံးလုပ်ခလစာနှုန်းထားတစ်ခုသတ်မှတ်နိုင်ရေး တိုင်းနှင့်ပြည်နယ်ရှိစက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများထံ မကြာမီစစ်တမ်းကောက်ယူတော့မည်ဖြစ်ကြောင်း သိရသည်။
အနည်းဆုံးလုပ်ခလစာနှုန်းထားများကောက်ယူမည့်အခြေအနေနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဇန်နဝါရီလ ၂ ရက်၌ မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ထံ မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားပေးခြင်းဖြစ်သည်။
“လောလောဆယ်ကအလုပ်ပိတ်ရက်တွေခံနေတယ်။ရှေ့လမှာတော့ တိုင်းနဲ့ပြည်နယ်အကုန်လုံးက အလုပ်သမားတွေဆီကနေနှုန်းထားတွေကိုစစ်တမ်းကောက်မယ်။ သေချာတာတစ်ခုကတော့ အခုပေးထားတဲ့တစ်နေ့လုပ်ခကျပ် ၄၈၀၀ က အလုပ်သမားတွေအတွက်ဘယ်လိုမှမလောက်တော့ဘူး။ တချို့အလုပ်သမားအဖွဲ့အစည်းတွေကလည်း တစ်နေ့ကျပ် ၇၂၀၀ အဆိုပြုတာရှိတယ်။ဒါပေမဲ့ သေချာအောင် အလုပ်သမားအားလုံးဆီကနေ အဆိုပြုစစ်တမ်းတွေကောက်မှာပါ”ဟု မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောသည်။
အနိမ့်ဆုံးလုပ်လစာကို ၂၀၁၅ ခုနှစ်တွင်တစ်ရက်လျှင် ၃၆၀၀ ကျပ်အဖြစ်စတင်သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ၄၈၀၀ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အလုပ်သမားတွေမှာအခုပေးထားတဲ့တစ်နေ့ ၄၈၀၀ ကဘယ်လိုမှစားမလောက်ဘူး။ အဲဒီတော့ လုပ်ခတိုးတောင်းလို့မရတော့ အလုပ်သမားတွေမှာ ကျွမ်းကျင်ခတို့၊ ရက်မှန်ကြေးတို့၊ အချိန်ပိုဆင်းရတဲ့လုပ်ခတို့ ဒါတွေတိုးတောင်းနေရတယ်။ အလုပ်သမားမှာမိသားစုရှိတယ်။ သူ့နောက်မှာမှီခိုနေတဲ့မိသားစုရှိတယ်။ ပေးထားတဲ့နှုန်းကလည်းအာဆီယံနိုင်ငံတွေထဲမှာအနိမ့်ဆုံးပဲ’’ဟု အလုပ်သမားရှေ့နေ ဦးဌေးကပြောသည်။
Image may contain: 4 people, people sitting, table, office and indoor

မင်းသီဟန်(အကုန်သိသတင်းဌာန) 
<<< Unicode Version >>>
အနည်းဆုံးလုပ်ခလစာနှုန်းထားတစ်ခုသတ်မှတ်နိုင်ရေး တိုင်းနှင့်ပြည်နယ်များရှိအလုပ်သမားများထံ မကြာမီစစ်တမ်းကောက်ယူမည်
--- မင်းသီဟန်(အကုန်သိသတင်းဌာန) ----
အနည်းဆုံးလုပ်ခလစာနှုန်းထားတစ်ခုသတ်မှတ်နိုင်ရေး တိုင်းနှင့်ပြည်နယ်ရှိစက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများထံ မကြာမီစစ်တမ်းကောက်ယူတော့မည်ဖြစ်ကြောင်း သိရသည်။
အနည်းဆုံးလုပ်ခလစာနှုန်းထားများကောက်ယူမည့်အခြေအနေနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဇန်နဝါရီလ ၂ ရက်၌ မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ထံ မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားပေးခြင်းဖြစ်သည်။
“လောလောဆယ်ကအလုပ်ပိတ်ရက်တွေခံနေတယ်။ရှေ့လမှာတော့ တိုင်းနဲ့ပြည်နယ်အကုန်လုံးက အလုပ်သမားတွေဆီကနေနှုန်းထားတွေကိုစစ်တမ်းကောက်မယ်။ သေချာတာတစ်ခုကတော့ အခုပေးထားတဲ့တစ်နေ့လုပ်ခကျပ် ၄၈၀၀ က အလုပ်သမားတွေအတွက်ဘယ်လိုမှမလောက်တော့ဘူး။ တချို့အလုပ်သမားအဖွဲ့အစည်းတွေကလည်း တစ်နေ့ကျပ် ၇၂၀၀ အဆိုပြုတာရှိတယ်။ဒါပေမဲ့ သေချာအောင် အလုပ်သမားအားလုံးဆီကနေ အဆိုပြုစစ်တမ်းတွေကောက်မှာပါ”ဟု မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောသည်။
အနိမ့်ဆုံးလုပ်လစာကို ၂၀၁၅ ခုနှစ်တွင်တစ်ရက်လျှင် ၃၆၀၀ ကျပ်အဖြစ်စတင်သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ၄၈၀၀ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အလုပ်သမားတွေမှာအခုပေးထားတဲ့တစ်နေ့ ၄၈၀၀ ကဘယ်လိုမှစားမလောက်ဘူး။ အဲဒီတော့ လုပ်ခတိုးတောင်းလို့မရတော့ အလုပ်သမားတွေမှာ ကျွမ်းကျင်ခတို့၊ ရက်မှန်ကြေးတို့၊ အချိန်ပိုဆင်းရတဲ့လုပ်ခတို့ ဒါတွေတိုးတောင်းနေရတယ်။ အလုပ်သမားမှာမိသားစုရှိတယ်။ သူ့နောက်မှာမှီခိုနေတဲ့မိသားစုရှိတယ်။ ပေးထားတဲ့နှုန်းကလည်းအာဆီယံနိုင်ငံတွေထဲမှာအနိမ့်ဆုံးပဲ’’ဟု အလုပ်သမားရှေ့နေ ဦးဌေးကပြောသည်။

No comments:

Post a Comment

My Blog List