Thursday, January 02, 2020

ကျိုက်ထီးရိုးတောင်ပေါ်တွင် အသက် ၇၃ နှစ်အရွယ် ခါးပိုက်နှိုက် အမျိုးသမီး အပါဝင် ခါးပိုက်နှိုက် ၈ ဦးဖမ်းမိ

Image may contain: one or more people
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် ဇန်နဝါရီ ၁ ရက်က ဘုရားဖူးပြည်သူများထံမှ ပစ္စည်းနှင့် ငွေများ လိုက်လံ နှိုက်ယူသူ အသက် ၇၃ နှစ်အရွယ်အမျိုးသမီး တစ်ဦး အပါဝင် ခါးပိုက်နှိုက် ၈ ဦးအား ဖမ်းဆီးရမိထားကြောင်း ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ သိရှိရသည်။

"အမျိုးသား တစ်ဦးကတော့ ခါးပိုက်နှိုက်ပြစ်မှုဟောင်းရှိသူပါ။ ကျန်တဲ့အမျိုးသမီး ၇ ဦးကိုတော့ တောင်ပေါ်မှာရှိတဲ့ CCTV တွေကနေတဆင့် မသင်္ကာဖွယ်တွေ့ရလို့ အကျီ ၤတွေလဲလိုက် အုပ်စုဖွဲ့ရာကနေ တစ်ဦးချင်းသွားလိုက်လုပ်နေလို့ ပြီးတော့ ဘုရားဖူးပြည်သူတွေဆီက နှိုက်ယူနေတာတွေ တွေ့လို့ ရှာဖွေ ဖမ်းဆီး စစ်ဆေးနေပါတယ်။''ဟု ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်ဇင်ဦးက ပြောသည်။
ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီခန့်တွင် ကျိုက်ထီးရိုးရင်ပြင်တော်ပရဝုဏ်အတွင်း ဘုရားဖူးပြည်သူများနှင့်အတူ မသင်္ကာဖွယ် အုပ်စုဖွဲ့ လှည့်လည်သွားလာနေသော အမျိုးသမီး ၇ ဦးအားတွေ့ရှိရသဖြင့် ရင်ပြင်တော် တာဝန်ရှိသူများမှ ဂေါပကအဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့ ၇ ဦးမှာ ဒေါ်တင်လှ ၇၃ နှစ် ဘီးလင်းနေသူ၊ ဒေါ်စန်းမြင့် ၆၈ နှစ် မော်လမြိုင်နေသူ၊ ဒေါ်ခိုင် ၆၄ နှစ် မော်လမြိုင်နေသူ၊ မသီတာ ၃၀ နှစ် ပြည်မြို့နေသူ၊ မအေးသီတာ ၄၀ နှစ် ပြည်မြို့နယ်နေသူ၊ ဒေါ်ဝင်း ၆၁ နှစ် ပြည်မြို့နယ်နေသူ၊ မစု ၄၅ နှစ် ပြည်မြို့နယ်နေသူ တို့ဖြစ်ပြီး ၎င်းတို့ထံတွင် ရှိနေသော အဝတ်အစားများ၊ ဖုန်းများ၊ ငွေများနှင့် ပတ်သက်ပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ခိုင်လုံစွာမပြသနိုင်သဖြင့် ဘုရားဖူးပြည်သူများထံမှ ခါးပိုက်နှိုက် ခိုးယူလာ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရသေ့တောင် တောင်တက်မော်တော်ယာဉ်ဂိတ်၌ ဘုရားဖူးများအကြားတွင် မသင်္ကာဖွယ် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ဝင်းညွှန့် ၅၅ နှစ် ဘ ဦးစိန်လှိုင် သင်္ကန်းကျွန်းမြို့နယ်နေသူအား တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းလွယ်ထားသော အိတ်အတွင်းမှ စက်ပိတ်ထားသော VIVO ဖုန်းတစ်လုံးအားတွေ့ရှိရပြီး ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်များကြောင့် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ဝင်းညွှန့်အား (ပ) ၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ကျင့် ၅၄ အရလည်းကောင်း၊ အမျိုးသမီး ၇ ဦးအား (ပ)၆ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)/ကျင့် ၅၄/ ၁၁၄ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
အောင်မြင့်ထွန်း (မြစ်မခ)
Zawgyi
ကျိုက်ထီးရိုးတောင်ပေါ်တွင် အသက် ၇၃ နှစ်အရွယ် ခါးပိုက်နှိုက် အမျိုးသမီး အပါဝင် ခါးပိုက်နှိုက် ၈ ဦးဖမ်းမိ
အောင်မြင့်ထွန်း (မြစ်မခ)
သထုံ၊ ဇန်နဝါရီ ၂ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် ဇန်နဝါရီ ၁ ရက်က ဘုရားဖူးပြည်သူများထံမှ ပစ္စည်းနှင့် ငွေများ လိုက်လံ နှိုက်ယူသူ အသက် ၇၃ နှစ်အရွယ်အမျိုးသမီး တစ်ဦး အပါဝင် ခါးပိုက်နှိုက် ၈ ဦးအား ဖမ်းဆီးရမိထားကြောင်း ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ သိရှိရသည်။
"အမျိုးသား တစ်ဦးကတော့ ခါးပိုက်နှိုက်ပြစ်မှုဟောင်းရှိသူပါ။ ကျန်တဲ့အမျိုးသမီး ၇ ဦးကိုတော့ တောင်ပေါ်မှာရှိတဲ့ CCTV တွေကနေတဆင့် မသင်္ကာဖွယ်တွေ့ရလို့ အကျီ င်္တွေလဲလိုက် အုပ်စုဖွဲ့ရာကနေ တစ်ဦးချင်းသွားလိုက်လုပ်နေလို့ ပြီးတော့ ဘုရားဖူးပြည်သူတွေဆီက နှိုက်ယူနေတာတွေ တွေ့လို့ ရှာဖွေ ဖမ်းဆီး စစ်ဆေးနေပါတယ်။''ဟု ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်ဇင်ဦးက ပြောသည်။
ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီခန့်တွင် ကျိုက်ထီးရိုးရင်ပြင်တော်ပရဝုဏ်အတွင်း ဘုရားဖူးပြည်သူများနှင့်အတူ မသင်္ကာဖွယ် အုပ်စုဖွဲ့ လှည့်လည်သွားလာနေသော အမျိုးသမီး ၇ ဦးအားတွေ့ရှိရသဖြင့် ရင်ပြင်တော် တာဝန်ရှိသူများမှ ဂေါပကအဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့ ၇ ဦးမှာ ဒေါ်တင်လှ ၇၃ နှစ် ဘီးလင်းနေသူ၊ ဒေါ်စန်းမြင့် ၆၈ နှစ် မော်လမြိုင်နေသူ၊ ဒေါ်ခိုင် ၆၄ နှစ် မော်လမြိုင်နေသူ၊ မသီတာ ၃၀ နှစ် ပြည်မြို့နေသူ၊ မအေးသီတာ ၄၀ နှစ် ပြည်မြို့နယ်နေသူ၊ ဒေါ်ဝင်း ၆၁ နှစ် ပြည်မြို့နယ်နေသူ၊ မစု ၄၅ နှစ် ပြည်မြို့နယ်နေသူ တို့ဖြစ်ပြီး ၎င်းတို့ထံတွင် ရှိနေသော အဝတ်အစားများ၊ ဖုန်းများ၊ ငွေများနှင့် ပတ်သက်ပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ခိုင်လုံစွာမပြသနိုင်သဖြင့် ဘုရားဖူးပြည်သူများထံမှ ခါးပိုက်နှိုက် ခိုးယူလာ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရသေ့တောင် တောင်တက်မော်တော်ယာဉ်ဂိတ်၌ ဘုရားဖူးများအကြားတွင် မသင်္ကာဖွယ် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ဝင်းညွှန့် ၅၅ နှစ် ဘ ဦးစိန်လှိုင် သင်္ကန်းကျွန်းမြို့နယ်နေသူအား တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းလွယ်ထားသော အိတ်အတွင်းမှ စက်ပိတ်ထားသော VIVO ဖုန်းတစ်လုံးအားတွေ့ရှိရပြီး ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်များကြောင့် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ဝင်းညွှန့်အား (ပ) ၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ကျင့် ၅၄ အရလည်းကောင်း၊ အမျိုးသမီး ၇ ဦးအား (ပ)၆ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)/ကျင့် ၅၄/ ၁၁၄ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List