Sunday, December 29, 2019

သီပေါမြို့နယ်ကနေ လားရှိုးမြို့နယ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမှာ သေနတ်ဒဏ်ရာနဲ့ အမျိူးသား(၃)ဦးရဲ့အလောင်းကို တွေ့ရှိ

Image may contain: one or more people, outdoor and natureNo photo description available.
သီပေါမြို့နယ်ကနေ လားရှိုးမြို့နယ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးအနီးက ကုံးမုံကျေးရွာအနီးမှာ သေနတ်ဒဏ်ရာရရှိထားတဲ့ အမျိူးသား(၃)ဦးရဲ့အလောင်းကို သည်ကနေ့မနက်မှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သည်လိုဒဏ်ရာတွေနဲ့သေဆုံးနေသူတွေကို သယ်ဆောင်ပေးဖို့ သီပေါရဲစခန်းကနေ နယ်စည်းမခြားအဖွဲ့ဆီကို အကူအညီတောင်းခံခဲ့တာကြောင့် သွားရောက်ကူညီခဲ့ရတယ်လို့ ကူညီပေးခဲ့တဲ့ နယ်စည်းမခြားအဖွဲ့က ကိုမျိုးကပြောပါတယ်။
သူက'' ကျွန်တော်တို့သွားတဲ့အခါမှာ ၃ယောက်လုံးကသေနေပြီ၊ ဒဏ်ရာတွေကလဲ သေနတ်ဒဏ်ရာတွေနဲ့ သူတို့့တွေကို ကျွန်တော်တို့အဖွဲ့ကကား(၃)ဦးစီး နဲ့ပို့လိုက်ပါတယ် ၊သိတာက သည်နေ့မှသိတယ်ဆိုတော့ ဘယ်အချိန်ဖြစ်နေမှန်းမသိဘူးပေါ့''လို့ပြောပါတယ်။
သေဆုံးသူတွေဟာ ပစ်စတိုသေနတ်နဲ့ ဦးခေါင်း၊နံစောင်းနေရာတွေမှာ ပစ်ခံရတဲ့ဒဏ်ရာတွေကို တွေ့ရှိခဲ့ရပြီး၊ သေဆုံးသူတွေရဲ့ အနီးမှာ ကျည်ခွံတွေကိုတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက်(၂၀)၊ အသက်(၂၅)နှစ်နဲ့အသက်(၄၀)အရွယ်တွေလို့ သိရှိရပြီး၊ သေဆုံးသူတွေ တွေ့ရှိတဲ့နေရာဟာ မူးယစ်ဆေးဝါး လာရောက်ရောင်း၀ယ်နေကြတဲ့နေရာတွေဖြစ်လို့ ရဲတပ်ဖွဲ့က မကြာခဏသွားရောက်ဖမ်းဆီးနေရတဲ့နေရာလို့ သီပေါရဲစခန်းကသိရပါတယ်။
သည်လိုဖမ်းဆီးနေကြပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူတွေ မကြာခဏ လာရောက်သုံးစွဲနေတဲ့နေရာဖြစ်လို့ ဖြတ်သန်းသွားတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေ မကြာခဏလုယက်တိုက်ခိုက်တာတွေ ခံရဖူးတဲ့နေရလို့ ဒေသခံအချို့ကပြောပါတယ်။
အေးအေးအောင်

No comments:

Post a Comment

My Blog List