Tuesday, December 24, 2019

နိုင်ငံပေါင်း ၆၀ ကျော်တွင် ကြက်တောင်အားကစားပစ္စည်းများဖြန့်ချိနေသော Victor Sport က သက်ထားသူဇာအား Equipment လေးနှစ်ထောက်ပံ့မည်

Image may contain: 4 people, people smiling, people standing
နိုင်ငံပေါင်း ၆၀ ကျော်တွင် ကြက်တောင်အားကစားပစ္စည်းများဖြန့်ချီနေသည့် Victor Sport က သက်ထားသူဇာကို Equipment လေးနှစ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်ကကျင်းပသည့် Victor Sport ၏ ပထမဆုံးမြန်မာနိုင်ငံဆိုင်ခွဲဖွင့်လှစ်ပွဲမှ သိရသည်။

''သက်ထားသူဇာက အလားအလာကောင်းတွေ အများကြီးရှိနေတာ မြင်ခဲ့ရတဲ့အတွက် ဒီ ၂၀၁၉ ဖေဖော်ဝါရီလမှာသူနဲ့လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အခုလို သူရဲ့အမိနိုင်ငံဆီ Victor ရဲ့နည်း ပညာမြင့်ကြက်တောင်ပစ္စည်းတွေကို ယူဖောင်ခွင့်ရတဲ့အတွက်နဲ့ တိုးတက်နေတဲ့ မြန်မာ့ကြက်တောင် လောကကို အထောက်အကူပြုခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်'' ဟု Victor Sports ၏ထိုင်းနိုင်ငံဆိုင်ရာအထွေထွေမန်နေဂျာဖြစ်သူ Mr.Zhang Ming Qing က ပြောသည်။

''ဒီအမှတ်တံ ဆိပ်က မလေးရှားနဲ့ ဒိန်းမတ်နိုင်ငံအသင်းတွေကိုလည်း စပွန်ဆာအဖြစ် ပံ့ပိုးခဲ့သလို မြန်မာနိုင်ငံမှာ Victor Sports ရဲ့ တရားဝင်ဆိုင်ခွဲတစ်ခုရှိလာတာကြောင့် ကြက်တောင်လောကရဲ့ မျိုးဆက်သစ်တွေ အတွက် တံခါးတွေ ပိုပြီးပွင့်လာမယ်လို့မျှော်လင်ပါတယ်''ဟု
မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ်ဖြစ်သည့် သက်ထားသူဇာက ပြောသည်။

သက်ထားသူဇာသည် လက်ရှိအချိန်တွင် ကမ္ဘာ့ကြက်တောင်အားကစား(အမျိုးသမီးတစ်ကိုယ်တော်)၌ အဆင့် ၆၈ တွင် ရပ်တည်လျက်ရှိပြီး အဆင့် ၅၀ သို့မဟုတ် ၆၀ အတွင်းတက်လှမ်းကာ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အပြင်းအထန်ကြိုးစားလျက်ရှိကြောင်း သိရသည်။
Victor သည် ၁၉၆၈ ခုနှစ်တွင် ထိုင်ဝမ်ရှိ တိုင်ပေမြို့တော်တွင် တည်ထောင်ခဲ့ပြီးခေတ်မီနည်းပညာများဖြင့် ကြက်တောင်ရိုက်တံ၊ ဖိနပ်၊ အဝတ်အစားနှင့် အခြားကြက်တောင်ပစ္စည်း အသုံးအဆောင်များကို ထုတ်လုပ်လုပ်ရှိကြောင်း သိရသည်။
Image may contain: 6 people, people smiling, people standing
Image may contain: people standing
Image may contain: shoes and indoor
Image may contain: 1 person, smiling, standing and shoes

PYP

No comments:

Post a Comment

My Blog List