လာမယ့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီ (UBP) အခြေအနေ ကောင်းမယ်လို့ ယုံကြည်ထားကြောင်း UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်း ကပြောပါတယ်။
ဇန်နဝါရီ (၃)ရက်က မြောက်ဥက္ကလာပမြို့နယ် မြို့တော်ခန်းမမှာပြုလုပ်တဲ့ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီ အရှေ့ပိုင်းခရိုင်တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေး နဲ့ ပါတီစည်းရုံးရေး ဆောင်ရွက်ချက်တွေတင်ပြတာ၊ ပါတီအောင်နိုင်ရေး ကိစ္စရပ်တွေ တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
သတင်း-ဝေယံထက်ဝင်း
No comments:
Post a Comment