Thursday, January 02, 2020

ရိုဟင်ဂျာတွေ အမြန်ဆုံး ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အသစ် ပြောကြား

Image may contain: 1 person, suit
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ခန့်အပ်လိုက်တဲ့ အတွင်းဝန် အသစ် Masud Bin Momen မာစွပ် ဘင် မိုမင်န် က ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် အမြန်ဆုံး ပြန်ပို့ရေးကိစ္စကို သူ ဦးစားပေး ဆောင်ရွက်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ယူဖူးတဲ့ အတွင်းဝန် အသစ် မာစွပ်က ရိုဟင်ဂျာပြသနာဟာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေ၊ NGO နဲ့ INGO အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ အာရုံစိုက်နေတဲ့ ပြဿနာဖြစ်တယ်။ ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက် နိုင်ငံတကာ သံတမန် အသိုင်းအဝန်းနဲ့ မပြတ်ဆက်သွယ်ပြီး ဆောင်ရွက်မယ်၊ ဒါမှပဲ နိုင်ငံတကာ အာရုံစိုက်မှု လျှော့နည်းမသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီပြဿနာကို ကျနော်တို့ ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့ အချက်ဟာ ဒီဒုက္ခသည်တွေကို ကျနော်တို့ ဘယ်လောက် မြန်မြန်ဆန်ဆန် စတင်ပြီး ပြည်လည်ပို့ဆောင်နိုင်မလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်။ သူတို့ကို ပြန်ပို့ရေးအတွက် မြန်မာနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နည်းရော နိုင်ငံတကာ အကူအညီနဲ့ ဆောင်ရွက်တဲ့နည်းတွေပါ အသုံးပြုရာမှာဖြစ်တယ်လို့ ပြောကြားရင်း ဒီကိစ္စမှာ တရုတ်နိုင်ငံကလည်း ပါဝင်ကူညီပေးနေကြောင်း သူက ပြောပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအားလုံး မြန်မာပြည် ပြန်ပို့ရေးအစီအစဉ်ဟာ ရေရှည်ဆောင်ရွက်ရမှာဖြစ်ပေမယ့် တတ်နိုင်သမျှ အမြန်ဆုံး စတင်လုပ်ဆောင်ဖို့လိုတယ်။ လူအနည်းငယ်ကိုပဲဖြစ်စေ စတင်ပြီး ပြန်လည်ပို့ဆောင်ဖို့ မိမိတို့ လုပ်ဆောင်ရမယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် အသစ် မာစွပ် ဘင် မိုမင်န် ကပြောပါတယ်။
RFA
Unicode
~~~~~~~~~~~~~

ရိုဟင်ဂျာတွေ အမြန်ဆုံး ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အသစ် ပြောကြား
~~~~~~~~~~

- Zawgyi

No comments:

Post a Comment

My Blog List