Thursday, January 02, 2020

နှစ်သစ်ဦးအလှူအဖြစ် ရွှေတိဂုံစေတီတော်ကြီးကို ရွှေသံလွင်မိသားစုမှ ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်း


Image may contain: night, sky and outdoorImage may contain: 1 person, food and indoor
နှစ်သစ် နှစ်ဦးအလှူအဖြစ် ရွှေသံလွင်ကုမ္ပဏီ လီမိတက်မိသားစုရဲ့ ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းတဲ့ အခမ်းအနားကို ( ၂၀၂၀)ခုနှစ် ဇန်နဝါရီ(၁)ရက် မနက်အစောပိုင်းက ရွှေတိဂုံ စေတီတော်ကြီးရဲ့ရင်ပြင်တော်မှာ ကျင်းပခဲ့ပါတယ်။ 


အခမ်းအနားကို ရွှေသံလွင်ကုမ္ပဏီ လီမိတက်ရဲ့ နာယကကြီး ဇေယျာလူမှုထူးချွန်ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိဂီင် ဒေါက်တာ ဒေါ်နီနီ ကိုယ်တိုင်တက်ရောက်ပြီး မြတ်စွာဘုရားကိုရည်မှန်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သံဃာတော်တွေကို လှူဖွယ် ပစ္စည်းဝတ္ထုတွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ 
ရွှေသံလွင်ကုမ္ပဏီလီမိတက်အနေနဲ့ နှစ်စဉ်နှစ်တိုင်း နှစ်သစ်အချိန်အခါရောက်တိုင်း ရွှေတိဂုံစေတီတော်ကြီးမှာ နံနက်အရုဏ်ဆွမ်းတော်ကြီး ကပ်လှူသလို သံဃာတော်တွေနဲ့ အနေကဇာတင်တာတွေကိုလည်း ဆောင်ရွက်လေ့ရှိပါတယ်။ 
Image may contain: one or more people and indoor
Image may contain: indoor
Image may contain: table and indoor
Image may contain: indoor
Image may contain: 3 people, people sitting, indoor and food
Image may contain: flower and food
Image may contain: 2 people, food and indoor
Image may contain: 6 people, people smiling, people standing and child
သတင်း-သူသူထက်လွင်
One News Myanmar

No comments:

Post a Comment

My Blog List