Monday, December 23, 2019

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေးဖော်ဆောင်မည်

Image may contain: 1 person, sitting, table and indoor

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ မူဝါဒတစ်ရပ်မှာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဟူ၍ ဖြစ်ပြီး ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေး ဖော်ဆောင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်နှင့် ကလေးမြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေး တာဝန်ခံ များအား သီးခြားစီတွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း UBP ပါတီက သတင်းထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ်ဟုဆိုလျှင် အာဏာခွဲဝေ ကျင့်သုံခြင်း၊ အရင်းအမြစ် ပိုင်ဆိုင်မှုများ ခွဲဝေ သုံးစွဲခြင်း တို့သာမက အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ကောင်းသော ရည်မှန်းချက် များအား အချင်းချင်း ပြိုင်ဆိုင်ခြင်း စသည့် သဘောတရားများ ပါဝင်သည်။ ထို့အတူ တိုင်းဒေသကြီး၊ ပြည်နယ်များ အကြားတွင် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဗဟိုအဆင့်အကြားတွင် လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်း တို့ကို အားပေးသည့် စနစ်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ထို့အတူ ဖက်ဒရယ်ကို လက်တွေ့ဖော်ဆောင်ခြင်းဖြင့် တရားမျှတမှုကို ပိုမိုဖြစ်ထွန်း စေမည်လည်း ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ တရားမျှတခြင်း စသည်တို့သည် ဒီမိုကရေစီ၏ သဘောတရားများ၊ ဒီမိုကရေစီ၏ အသွင်သဏ္ဍာန် များပင် ဖြစ်ပြီး ဖက်ဒရယ်ကို ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ သဘောတရားများလည်း အလိုအလျှောက် ရရှိလာမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြား ခဲ့သည်။
The Ladies News
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေးဖော်ဆောင်မည်
--- --- ---

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ မူဝါဒတစ်ရပ်မှာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဟူ၍ ဖြစ်ပြီး ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေး ဖော်ဆောင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်နှင့် ကလေးမြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေး တာဝန်ခံ များအား သီးခြားစီတွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း UBP ပါတီက သတင်းထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ်ဟုဆိုလျှင် အာဏာခွဲဝေ ကျင့်သုံခြင်း၊ အရင်းအမြစ် ပိုင်ဆိုင်မှုများ ခွဲဝေ သုံးစွဲခြင်း တို့့သာမက အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ကောင်းသော ရည်မှန်းချက် များအား အချင်းချင်း ပြိုင်ဆိုင်ခြင်း စသည့် သဘောတရားများ ပါဝင်သည်။ ထို့အတူ တိုင်းဒေသကြီး၊ ပြည်နယ်များ အကြားတွင် လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဗဟိုအဆင့်အကြားတွင် လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်း တို့ကို အားပေးသည့် စနစ်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ထို့အတူ ဖက်ဒရယ်ကို လက်တွေ့ဖော်ဆောင်ခြင်းဖြင့် တရားမျှတမှုကို ပိုမိုဖြစ်ထွန်း စေမည်လည်း ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ တရားမျှတခြင်း စသည်တို့သည် ဒီမိုကရေစီ၏ သဘောတရားများ၊ ဒီမိုကရေစီ၏ အသွင်သဏ္ဍာန် များပင် ဖြစ်ပြီး ဖက်ဒရယ်ကို ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ သဘောတရားများလည်း အလိုအလျှောက် ရရှိလာမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြား ခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List