Tuesday, December 24, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 1 person, indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ အထက် လွှတ်တော် အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌ Mr. YAMAGUCHI Natsuo အား ဒီဇင်ဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ အထက် လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Ichiro MARUYAMA နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတကာ ဖိအားပေးမှုများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံမှ ကိုယ်ချင်းစာ နားလည်ပြီး မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသအရေးကိစ္စများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်မှုများ၊ တပ်မတော်က ပူးပေါင်းကူညီဆောင်ရွက်မှုများ၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် စစ်ဘက်ဥပဒေ နည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်အမှန်အတိုင်း ဖော်ထုတ်အရေးယူ မှုများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် အပြည့်အဝတာဝန်ရှိပြီး ယင်းသို့ကာကွယ်ရေး တာဝန် ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သည့် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အခြေအနေများ၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးစနစ်တည်ငြိမ်ရေးအတွက် အဓိကထား၍ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေ အနေများ၊ IDP Camp များရှိ နေရပ်စွန့်ခွာသူများအား မူလနေရာပြန်လည်နေထိုင်နိုင်ရေး ဂျပန်နိုင်ငံမှ ထောက်ပံ့ကူညီပေး လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်များ၏ နယ်စွန်နယ်ဖျားများရှိ ပြည်သူတို့၏ လူမှုဘဝတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
--- --- ---

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ အထက် လွှတ်တော် အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌ Mr. YAMAGUCHI Natsuo အား ဒီဇင်ဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ အထက် လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Ichiro MARUYAMA နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံတကာ ဖိအားပေးမှုများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံမှ ကိုယ်ချင်းစာ နားလည်ပြီး မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီပေးလျက်ရှိသည့် အခြေအနေများ၊ ရခိုင်ဒေသအရေးကိစ္စများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်မှုများ၊ တပ်မတော်က ပူးပေါင်းကူညီဆောင်ရွက်မှုများ၊ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် စစ်ဘက်ဥပဒေ နည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်အမှန်အတိုင်း ဖော်ထုတ်အရေးယူ မှုများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် အပြည့်အဝတာဝန်ရှိပြီး ယင်းသို့ကာကွယ်ရေး တာဝန် ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သည့် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အခြေအနေများ၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးနှင့် နို်င်ငံရေးစနစ်တည်ငြိမ်ရေးအတွက် အဓိကထား၍ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေ အနေများ၊ IDP Camp များရှိ နေရပ်စွန့်ခွာသူများအား မူလနေရာပြန်လည်နေထိုင်နိုင်ရေး ဂျပန်နိုင်ငံမှ ထောက်ပံ့ကူညီပေး လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်များ၏ နယ်စွန်နယ်ဖျားများရှိ ပြည်သူတို့၏ လူမှုဘဝတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List