Tuesday, December 24, 2019

ခန္တီပါရမီပေးသည့် ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိကြောင်းနှင့် ရင့်ကျက်လာသည့် အနေအထားကြောင့် တုန်လှုပ်မှု မရှိကြောင်း ဦးခေမာဝံသ တစ်ဖြစ်လဲ ဇေကမ္ဘာဦးခင်ရွှေ ထည့်သွင်း လျှောက်ထား

Image may contain: 3 people, indoor
ခန္တီပါရမီဆိုသည် မှာလုပ်ယူ၍မရဘဲ သူများပေးမှရကြောင်း နည်းလမ်းပေါင်းစုံဖြင့် ခန္တီပါရမီပေးသည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ကြောင်း နှင့် ရင့်ကျက်လာသည့် အနေအထားကြောင့် တုန်လှုပ်မှု မရှိကြောင်း ဦးခေမာဝံသ တစ်ဖြစ်လဲ ဇေကမ္ဘာဦးခင်ရွှေကသာသနာရေးဆိုင်ရာများကို ယနေ့လျှောက်ထားရာတွင် ထည့်သွင်း လျှောက်ထားခဲ့သည်။

မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ် ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီ ဘက်စုံမွမ်းမံပြင်ဆင်ခြင် အောင်ပွဲအထိမ်းအမှတ် အဖြစ် ထီးတော် ၁၂၆ ဆူအား ဆပ်ကပ်တင်လှုခြင်း ရဟန်းသာမဏေ အပါး ၅၂၀၀ အားသာသနာ့ဘောင်သို့သွပ်သွ
င်းခြင်း မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ၂၂ ရက်မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ဒီဇင်ဘာလ ၂၄ ရက် ရေစက်ချ အခမ်းအနားတွင် ဦးခေမာဝံသက အထက်ပါအတိုင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်
စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီးအားမြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဘာသာအဖွဲ့ချုပ်နှင့် နယ် စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ (ဇေကမ္ဘာ မိသားစု)မှ လှုဒါန်းပူဇော်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်း .သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို .မကွေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဒေါက်တာ အောင်မိုးညို နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ခဲ့ကြသည်။
Image may contain: 2 people
Image may contain: 14 people, people sitting
Image may contain: 6 people, people smiling
Image may contain: 4 people, people smiling, indoor

No comments:

Post a Comment

My Blog List