Tuesday, December 24, 2019

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့ အင်တာနက် ဖြတ်တောက်မှု ရပ်တန့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

Image may contain: 6 people, people smiling, people standing, shoes and outdoor
ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်မှုအပေါ် ချက်ချင်းရပ်တန့်ပေးရေး တောင်းဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က စတင်ပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက်အသုံးပြုမှု ဖြတ်တောက်ခဲ့တာ (၆)လကျော် ကြာခဲ့ပြီ လို့ ဒီလှုပ်ရှားမှုက ဦးဆောင်သူတွေက ဆိုပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အဲ့ဒီ ၄ မြို့နယ်ကို အများပြည်သူလုံခြုံရေးအတွက် တည်ငြိမ်းအေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် မူတည်ပြီး အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် အဲဒီမြို့နယ်တွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၇ သိန်းနီးပါးရဲ့ လူမှုစီးပွားနဲ့ လူအခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထား ပါတယ်။
Image may contain: one or more people, people standing and text
Image may contain: 2 people, crowd and outdoor
သတင်း၊ ဓာတ်ပုံ- ထက်ဝေယံဝင်း

No comments:

Post a Comment

My Blog List