Friday, January 03, 2020

ထိုင်းက ပလပ်စတစ်အိတ် အသုံးမပြုရေး လှုပ်ရှားမှု ၂၀၂၀ နှစ်သစ်မှာ စတင်

Image may contain: 2 people, people smiling
ထိုင်းနိုင်ငံမှာ ပလပ်စတစ်အိတ် အသုံးပြုခြင်းတွေကို ၂၀၂၀ နှစ်သစ်ကစလို့ ရပ်ဆိုင်းနိုင်ဖို့အတွက် စျေးဝယ်ထွက်တဲ့အခါ ကိုယ်ပိုင်အိတ်တွေ ယူဆောင်လာကြဖို့ စျေးဝယ်သူတွေကို သတိပေးထားပါတယ်။ စတိုးဆိုင်များနဲ့ တစ်နိုင်ငံလုံးက ၂၄ နာရီ ကုန်စုံစတိုးဆိုင်ပေါင်း ၂၄၅၀၀ ကျော်ကိုလည်း ပလပ်စတစ်အိတ် တွေနဲ့ ထုတ်ပိုးပေးခြင်း မလုပ်ဖို့ တားမြစ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ တစ်ခါသုံးပလပ်စတစ်အိတ် သုံးစွဲမှု ပမာဏ လျှော့ချပစ်ရေးဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေးဖြစ်ကြောင်း သဘာဝ အရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး က ပြောကြားခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းရေး ဦးစီးဌာန (PCD) က ၂၀၁၈ မှ ၂၀၃၇ နှစ်ထိ နှစ်ပေါင်း ၂၀ ကြာ ပလပ်စတစ်အိတ် စွန့်ပစ်မှု ထိန်းချုပ်ရေး စီမံကိန်းကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ ထိုင်းလူမျိုးတွေ သုံးစွဲနေတဲ့ ပလပ်စတစ်ပုံစံနဲ့ ပလပ်စတစ် သုံးစွဲတဲ့ အမျိုးအစား ၇ မျိုးထိ ပါဝင်ပါတယ်။ အမျိုးအစားတွေကတော့ ပလပ်စတစ် အဖုံးခွံများ၊ အလုကုန်ပစ္စည်းတွေမှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ ပလပ်စတစ် ရောင်စုံအလုံးလေးများ၊ Oxo တံဆိပ် ပလပ်စတစ်အိတ်များ၊ ၃၆ မိုက်ကရွန်နီးပါး အထူရှိတဲ့ ပလပ်စတစ်အိတ်ပါးများ (ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ ပလပ်စတစ်အိတ်များ) အစားအစာ ထည့်သွင်းထုတ်ပိုးတဲ့ ပလပ်စတစ်ဖော့ဘူးများ၊ ခွက်များနဲ့ ပိုက်များပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အလှကုန်ပစ္စည်းတွေထဲမှာ ရောင်စုံပလပ်စတစ် အလုံးလေးများ ထည့်သွင်း ပြုလုပ်ခြင်းများကို ပိတ်သိမ်းရန် ကြေညာထားပါတယ်။ ကြေညာချက်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အကြုံးဝင်ပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ပလပ်စတစ်ခွက်များနဲ့ ပိုက်များ သုံးစွဲခြင်းကို ပိတ်သိမ်း သွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ပလပ်စတစ်အိတ် သုံးစွဲမှု လျော့ချရေး လှုပ်ရှားမှုဟာ ပလပ်စတစ်ထုတ် စက်ရုံတွေ အတွက်တော့ အိမ်မက်ဆိုး တစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ် လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ က ပလပ်စတစ်အိတ် အသုံးပြုခြင်း ရပ်တန့်ရေး အစိုးရရဲ့ စီမံကိန်းဟာ ၂ နှစ် စောပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အကြီးအကျယ် ဒုက္ခရောက်စေပြီး ညှိနိူင်းမှုတွေ မပြု လုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းရဲ့ မူလအချိန် ကန့်သတ်ချက်ဟာ ၂၀၂၂ ခုနှစ်မှသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ပလပ်စတစ် လုပ်ငန်းရှင်များ အသင်းက တစ်နိုင်ငံလုံးမှာ ပလပ်စတစ်အိတ် ထုတ်တဲ့ စက်ရုံပေါင်း ၅၀၀ ရှိပြီး စက်ရုံတွေမှာ အလုပ်သမား ၈၀၀၀ ကျော်ကို အလုပ်ခန့်ထားကြောင်း၊ ပလပ်စတစ်လုပ်ငန်းကို ပိတ်သိမ်း လိုက်ရင် အနာဂါတ်မှာ အလုပ်လက်မဲ့ ဦးရေတွေ များပြားလာမည် ဖြစ်ကြောင်း၊ ပလပ်စတစ် လုပ်ငန်းတွေကို ပိတ်သိမ်းလိုက်တာဟာ တစ်နှစ်ကို ဘတ် သန်း ၃၀ ခန့်ရရှိတဲ့ စက်မှုလုပ်ငန်းများကိုလည်း ပျက်စီးစေလိမ့်မှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
Image may contain: 7 people, people smiling, people standing
Image may contain: 3 people, people smiling, people standing

Ref : chiangraitimes
ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) 
<<< Unicode Version >>>
ထိုင်းက ပလပ်စတစ်အိတ် အသုံးမပြုရေး လှုပ်ရှားမှု ၂၀၂၀ နှစ်သစ်မှာ စတင်
------ ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) ------
ထိုင်းနိုင်ငံမှာ ပလပ်စတစ်အိတ် အသုံးပြုခြင်းတွေကို ၂၀၂၀ နှစ်သစ်ကစလို့ ရပ်ဆိုင်းနိုင်ဖို့အတွက် ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ပိုင်အိတ်တွေ ယူဆောင်လာကြဖို့ ဈေးဝယ်သူတွေကို သတိပေးထားပါတယ်။ စတိုးဆိုင်များနဲ့ တစ်နိုင်ငံလုံးက ၂၄ နာရီ ကုန်စုံစတိုးဆိုင်ပေါင်း ၂၄၅၀၀ ကျော်ကိုလည်း ပလပ်စတစ်အိတ် တွေနဲ့ ထုတ်ပိုးပေးခြင်း မလုပ်ဖို့ တားမြစ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ တစ်ခါသုံးပလပ်စတစ်အိတ် သုံးစွဲမှု ပမာဏ လျှော့ချပစ်ရေးဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေးဖြစ်ကြောင်း သဘာ၀ အရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး က ပြောကြားခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းရေး ဦးစီးဌာန (PCD) က ၂၀၁၈ မှ ၂၀၃၇ နှစ်ထိ နှစ်ပေါင်း ၂၀ ကြာ ပလပ်စတစ်အိတ် စွန့်ပစ်မှု ထိန်းချုပ်ရေး စီမံကိန်းကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ ထိုင်းလူမျိုးတွေ သုံးစွဲနေတဲ့ ပလပ်စတစ်ပုံစံနဲ့ ပလပ်စတစ် သုံးစွဲတဲ့ အမျိုးအစား ၇ မျိုးထိ ပါဝင်ပါတယ်။ အမျိုးအစားတွေကတော့ ပလပ်စတစ် အဖုံးခွံများ၊ အလုကုန်ပစ္စည်းတွေမှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ ပလပ်စတစ် ရောင်စုံအလုံးလေးများ၊ Oxo တံဆိပ် ပလပ်စတစ်အိတ်များ၊ ၃၆ မိုက်ကရွန်နီးပါး အထူရှိတဲ့ ပလပ်စတစ်အိတ်ပါးများ (ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ ပလပ်စတစ်အိတ်များ) အစားအစာ ထည့်သွင်းထုတ်ပိုးတဲ့ ပလပ်စတစ်ဖော့ဘူးများ၊ ခွက်များနဲ့ ပိုက်များပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အလှကုန်ပစ္စည်းတွေထဲမှာ ရောင်စုံပလပ်စတစ် အလုံးလေးများ ထည့်သွင်း ပြုလုပ်ခြင်းများကို ပိတ်သိမ်းရန် ကြေညာထားပါတယ်။ ကြေညာချက်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အကြုံးဝင်ပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ပလပ်စတစ်ခွက်များနဲ့ ပိုက်များ သုံးစွဲခြင်းကို ပိတ်သိမ်း သွားမှာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ပလပ်စတစ်အိတ် သုံးစွဲမှု လျော့ချရေး လှုပ်ရှားမှုဟာ ပလပ်စတစ်ထုတ် စက်ရုံတွေ အတွက်တော့ အိမ်မက်ဆိုး တစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ် လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ က ပလပ်စတစ်အိတ် အသုံးပြုခြင်း ရပ်တန့်ရေး အစိုးရရဲ့ စီမံကိန်းဟာ ၂ နှစ် စောပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အကြီးအကျယ် ဒုက္ခရောက်စေပြီး ညှိနိူင်းမှုတွေ မပြု လုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းရဲ့ မူလအချိန် ကန့်သတ်ချက်ဟာ ၂၀၂၂ ခုနှစ်မှသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ပလပ်စတစ် လုပ်ငန်းရှင်များ အသင်းက တစ်နိုင်ငံလုံးမှာ ပလပ်စတစ်အိတ် ထုတ်တဲ့ စက်ရုံပေါင်း ၅၀၀ ရှိပြီး စက်ရုံတွေမှာ အလုပ်သမား ၈၀၀၀ ကျော်ကို အလုပ်ခန့်ထားကြောင်း၊ ပလပ်စတစ်လုပ်ငန်းကို ပိတ်သိမ်း လိုက်ရင် အနာဂါတ်မှာ အလုပ်လက်မဲ့ ဦးရေတွေ များပြားလာမည် ဖြစ်ကြောင်း၊ ပလပ်စတစ် လုပ်ငန်းတွေကို ပိတ်သိမ်းလိုက်တာဟာ တစ်နှစ်ကို ဘတ် သန်း ၃၀ ခန့်ရရှိတဲ့ စက်မှုလုပ်ငန်းများကိုလည်း ပျက်စီးစေလိမ့်မှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Ref : chiangraitimes

No comments:

Post a Comment

My Blog List