မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သုခဝတီရပ်ကွက်မှာနေထိုင်သော ဒေါက်တာအေးဇော်ထွန်းတို့ သားအဖမှာ ပျောက်ဆုံးသွားပြီး ၁၉ ရက်အကြာတွင် ညောင်ပင်ဆိပ် အတ္ထရံမြစ်အတွင်း ကားရောလူပါ ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းနေထိုင်ရာ နေအိမ်ကို ကျော်လွန်သွားပြီး လမ်းအဆုံးမှာတည်ရှိတဲ့ မြစ်ကမ်းဆိပ်ထဲသို့ မည်သို့ကျခဲ့သည်ကိုတော့ မသိရသေးပေ။
ဒေါက်တာအေးဇော်ထွန်းသည် သားဖြစ်သူ မောင်စသုတမွန်အားခေါ်၍ ဒီဇင်ဘာ ၅ ရက်နေ့ညက မော်လမြိုင်မြို့ရှိ ဧရာဝတီစားသောက်ဆိုင်တွင် ၎င်းသူငယ်ချင်းသုံးဦးနှင့်အတူ ဆိုင်ထိုင်ခဲ့ပြီး နေအိမ်အပြန်မှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ - ဉာဏျစိုးဝငျး၊ ဧရာဝတီ
No comments:
Post a Comment