Thursday, January 02, 2020

ကချင်ပြည်နယ်က ဒုက္ခသည်တွေအခြေချနေနိုင်အောင် ဒေါ်လာ ၅ သန်း ဂျပန်လှူဒါန်း

Image may contain: 14 people, people smiling, indoor
မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်က ပဋိပက္ခနေရာတွေမှာရှိတဲ့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ အကူအညီအစီအစဉ်တစ်ခုစပြီးမိတ်ဆက်သွားမယ်လို့ ဒီဇင်ဘာနှောင်းပိုင်းမှာ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ပထမနှစ်ဝက်မှာ အဲဒီအစီအစဉ်စတင်မှာပါ။

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့လူ ၃၀၀၀ ကို သူတို့ရွာတွေပြန်နိုင်အောင်အကူအညီပေးဖို့ ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းတို့က ဒေါ်လာ ၅ သန်းလှူဒါန်းသွားမှာပါ။
အကူအညီတွေကို အိမ်အလုံး ၅၀၀ နဲ့ အိမ်သာတွေဆောက်ဖို့၊ လယ်သမားတွေဝင်ငွေများလာအောင် စိုက်ပျိုးရေးလေ့ကျင့်ပေးဖို့တို့အတွက် အသုံးပြုမှာပါ။
“ဂျပန်နိုင်ငံ၏ အထောက်အပံ့များသည် ကချင်ပြည်နယ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ များ ပြန်လည်ကောင်းမွန်လာရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တတ်နိုင်သမျှ အမြန်ဆုံးရရှိရန်အ တွက် ပံ့ပိုးကူညီနိုင်ပြီး မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့် နောက်ပိုင်းမှာလည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါသည်။”လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရဲ့အကူအညီအစီအစဉ်တွေကို အစပိုင်းမှာတော့ မြန်မာအစိုးရထိန်းချုပ်ထားနိုင်တဲ့နေရာတွေကိုမှာပဲ အကောင်အထည်ဖော်သွားမှာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ KIAထိန်းချုပ်ထားတဲ့နေရာတွေကိုပါ အကူအညီပေးသွားဖို့ရှိတယ်လို့ အဲဒီအစီအစဉ်တွေမှာပါဝင်တဲ့သတင်းရင်းမြစ်တစ်ယောက်က Nikkei Asian Reviewကိုပြောပါတယ်။
Image may contain: 3 people, people standing and suit
Image may contain: 3 people, people standing and flower
Image may contain: 2 people, people standing, flower and indoor
Photo-Embassy of Japan in Myanmar

ကချင်ပြည်နယ်က ဒုက္ခသည်တွေအခြေချနေနိုင်အောင် ဒေါ်လာ ၅ သန်း ဂျပန်လှူဒါန်း
ဇန္နဝါရီ ၁
ဥကၠာ

မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်ကပဋိပက္ခနေရာတွေမှာရှိတဲ့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ အကူအညီအစီအစဉ်တစ်ခုစပြီးမိတ်ဆက်သွားမယ်လို့ ဒီဇင်ဘာနှောင်းပိုင်းမှာ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်ပထမနှစ်ဝက်မှာ အဲဒီအစီအစဉ်စတင်မှာပါ။
မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့လူ ၃၀၀၀ ကို သူတို့ရွာတွေပြန်နိုင်အောင်အကူအညီပေးဖို့ ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းတို့က ဒေါ်လာ ၅ သန်းလှူဒါန်းသွားမှာပါ။

အကူအညီတွေကို အိမ်အလုံး ၅၀၀ နဲ့ အိမ်သာတွေဆောက်ဖို့၊ လယ်သမားတွေဝင်ငွေများလာအောင် စိုက်ပျိုးရေးလေ့ကျင့်ပေးဖို့တို့အတွက် အသုံးပြုမှာပါ။
“ဂျပန်နိုင်ငံ၏ အထောက်အပံ့များသည် ကချင်ပြည်နယ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ များ ပြန်လည်ကောင်းမွန်လာရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တတ်နိုင်သမျှ အမြန်ဆုံးရရှိရန်အ တွက် ပံ့ပိုးကူညီနိုင်ပြီး မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့် နောက်ပိုင်းမှာလည်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါသည်။”လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရဲ့အကူအညီအစီအစဉ်တွေကို အစပိုင်းမှာတော့ မြန်မာအစိုးရထိန်းချုပ်ထားနိုင်တဲ့နေရာတွေကိုမှာပဲ အကောင်အထည်ဖော်သွားမှာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ KIAထိန်းချုပ်ထားတဲ့နေရာတွေကိုပါ အကူအညီပေးသွားဖို့ရှိတယ်လို့ အဲဒီအစီအစဉ်တွေမှာပါဝင်တဲ့သတင်းရင်းမြစ်တစ်ယောက်က Nikkei Asian Reviewကိုပြောပါတယ်။
#TheFifthWaveNews
Photo-Embassy of Japan in Myanmar

No comments:

Post a Comment

My Blog List