Tuesday, December 24, 2019

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရန်ကုန်မြို ့နေအိမ်သို့ ဂျပန်အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

Image may contain: 1 person, sitting and indoor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representative ဖြစ်သူ Mr. Yamaguchi Natsuo ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာအိချီရော့မာရုယာမနှင့် အတူ ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ် သို့လာရောက်တွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံ ရေး ဆက်လက်တိုးမြှင့်သွားရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ မြှင့် တင်သွားရေး၊ မြန်မာပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ဆက်လက်ပံ့ပိုး ကူညီသွားရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ဆက်လက်အကူအညီ ပေးအပ်သွားရေးနှင့် ရခိုင်ပြည်နယ် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။
Image may contain: 3 people, people smiling, people standing and suit
Image may contain: 7 people, people smiling, people standing and suit

(ဓါတ်ပုံ- သတင်းစဉ်)
Credit း MOFA

The Ladies News

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရန်ကုန်မြို ့နေအိမ်သို့ ဂျပန်အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏
ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representative ဖြစ်သူ Mr. Yamaguchi Natsuo ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာအိချီရော့မာရုယာမနှင့် အတူ ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ် သို့လာရောက်တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံ ရေး ဆက်လက်တိုးမြှင့်သွားရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ မြှင့် တင်သွားရေး၊ မြန်မာပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ဆက်လက်ပံ့ပိုး ကူညီသွားရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ဆက်လက်အကူအညီ ပေးအပ်သွားရေးနှင့် ရခိုင်ပြည်နယ် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။
(ဓါတ်ပုံ- သတင်းစဉ်)
Credit း MOFA

The Ladies News

No comments:

Post a Comment

My Blog List