Monday, December 23, 2019

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ နှစ်လတစ်ကြိမ်ကျန်းမာရေးစစ်ဆေးနေ

ကျန်းမာရေးအခြေအနေနှင့်ပတ်သတ်၍ မကြာခဏကောလာဟလ ထွက်ပေါ်တတ်လေ့ရှိသူ ယခင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း)ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့်ယခုအခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)အနေဖြင့် နှစ်လတစ်ခါ နေပြည်တော် ကုတင်(၁၀၀၀)တပ်မတော်ဆေးရုံတွင် မျက်စိနှင့်သွား ကျန်းမာရေးစစ်ဆေးမှုခံယူနေရပြီး ကျန်းမာရေးကောင်းမွန်နေကာကောင်းမွန်စွာသွားလာနိုင်ခြင်း၊ခင်မင်သူများနှင့်ကောင်းမွန်စွာစကားပြောဆိုနိုင်ခြင်းများရှိနေသေးကြောင်း မျက်မြင်တွေ့သူများကဆိုသည်။

လတ်တလော၎င်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သတ်၍ တပ်မတော်၏ပြောရေးဆိုခွင့်ရှိသူ များကိုဆက်သွယ်မေးမြန်းသော်လည်းဆက်သွယ်၍မရရှိပေ။

No comments:

Post a Comment

My Blog List