Friday, January 03, 2020

လိမ်ညာခိုးဝှက်တာများရှိလျှင် အားမနာတမ်း ပြစ်တင်ဆုံးမကြရန် မကွေးဝန်ကြီးချုပ် တိုင်းလွှတ်တော်တွင်ပန်ကြား

Image may contain: 1 person, text
လိမ်ညာခိုးဝှက်တာများရှိပါလျှင် အားမနာတမ်း ပြစ်တင်ဆုံးမပါဟု မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပန်ကြားလိုက်သည်ဟု မကွေးတိုင်းအစိုးရအဖွဲ့မှသိရသည်။

ပြန်လည်ကျင်းပသည့် မကွေးတိုင်းလွှတ်တော်အစည်းအဝေး ပထမနေ့အတွင်း ဝန်ကြီးချုပ် မိန့်ခွန်းပြောစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က ၎င်းအနေဖြင့် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသ‌ရွေ့အလုပ်အ‌ကြွေးပြုသွားမှာဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၏ လွှတ်တော်ထဲပြောကြားသော နှစ်သစ်ကူးအမှာစကားကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ကိုမင်း/Myanmar Harp
ကိုးကား-မကွေးတိုင်းအစိုးရအဖွဲ့

No comments:

Post a Comment

My Blog List