Friday, January 03, 2020

တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်ရန်အတွက် ဗဟိုတိုင်းရင်းသားရေးရာကော်မတီ တစ်ခုကို NLD ပါတီဖွဲ့စည်း ကချင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ခေါင်းဆောင်အဖြစ်ခန့်အပ်

Image may contain: 1 person, textNo photo description available.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဗဟိုတိုင်းရင်းသားရေးရာကော်မတီတစ်ခုကို ယနေ့ဖွဲ့စည်းလိုက်ကြောင်း ပါတီက ကြေညာသည်။

၂၆.၁၂.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်ပြီးကချင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအင်ထုံးခါးနော်ဆမ်ကို ခေါင်းဆောင်အဖြစ်ခန့်အပ်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါ်နန်းခင်ထွေးမြင့်၊ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကိုဆောင်ရွက်နေသည့် ဒေါက်တာတင်မျိုးဝင်းတို့ကို ဒုတိယဥက္ကဌများအဖြစ်ခန့်အပ်တာဝန်ပေးကာ စုစုပေါင်းအဖွဲ့ဝင်၁၅ ဦး ဖြင့် ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။
ဦးအင်ထုံးခါးနော်ဆမ် က“ပြီးခဲ့တဲ့ ပါတီအလုပ်အမှုဆောင် အစည်းအဝေးတုန်းက ကျွန်တော်တင်ပြခဲ့တာရှိတယ်။ကော်မတီဖွဲ့ပြီးရင် အစည်းအဝေးလုပ်ပါ့မယ်။အဲ့ဒီအစည်းအဝေးကနေတဆင့် ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေကို အကောင်အထည်ဖော်သွားမယ်လို့။အခု အစည်းအဝေးမလုပ်ရသေးတော့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြောဖို့ရာ အဆင်သင့်မဖြစ်သေးပါဘူး။တိုင်းရင်းသားအရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဒီကော်မတီကိုဖွဲ့လိုက်တာလေ“ဟု ပြောသည်။

မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List