Thursday, January 02, 2020

နယ်မြေတည်ငြိမ်မှုမရှိ၍ ရွေးကောက်ပွဲ ပြင်ဆင်နိုင်သည့် အခင်းအကျင်း မရှိဟုANPဥက္ကဌပြော

Image may contain: 1 person, standing
ရခိုင်ပြည်နယ် တွင် လက်ရှိအချိန်ထိ နယ်မြေတည်ငြိမ်မှုမရှိ၍ ၂၀၂၀ရွေးကောက်ပွွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေး ပါတီများနေဖြင့် ကြိုတင်ပြင်ဆင်နိုင်သည့်အနေအထားအခင်းအကျင်းမျိုးမရှိသေးကြောင်းရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဌ. ဦးသာထွန်းလှက ပြောသည်။

"ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ နယ်မြေတည်ငြိမ်မှု လည်းမ ရှိပြည်သူလူထုကလည်း အတိဒုက္ခရောက်နေ တဲ့အချိန် ဆိုတော့ နိုင်ငံရေး ပါတီတွေအနေနဲ့ လူထုကို စည်းရုံးရေးလည်းမဆင်းနိုင် ရွေးကောက်ပွဲ အတွက်ပြင်ဆင်ရမယ့် အခြေအနေကလည်း လူထုဒုက္ခရောက်ေ နတော့လုပ်ရမယ့် အချိန်လည်းမသင့်တော်ဘူးဗျအဓိကကတော့ နယ်မြေလည်းတည်ငြိမ်မှုမရှိ နိုင်ငံရေးပါတီတွေ အနေနဲ့လည်းရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်မရတဲ့ အခင်းအကျင်းလို့ပဲ ပြောရမယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်၂၀၁၉ခုနှစ် ဇန်နဝါရီ်လ ၄ရက်တွင် ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းအချို့ကို ရခိုင်လက်နက်ကိုင်အဖွဲ့AAက တိုက်ခိုက်ခဲ့မှုမှ အစပြု၍ရခိုင်ပြည်နယ်အတွင်းတွင် အစိုးရတပ် မတော်နှင့်AAလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူလူထုမှာ သေဆုံးခဲ့ရမှုများရှိခဲ့ကာဒေသခံပြည်သူများမှာစစ်ဘေးဒုက္ခသည် များအဖြစ် စစ်ဘေးရှောင် စခန်းများတွင်ခိုလှုံခဲ့ရသည်။
"နယ်မြေတည်ငြိမ်ဖို့ကအစိုးရနဲ့တပ်မတော်ကAAနဲ့ဆွေးနွေးညိုှနှိုင်းပြီးဆောင်ရွက်မှရနိုင်မယ့်အနေအထားဖြစ်တယ်လို့ပဲမြင်တယ် စစ်ဒဏ်ကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ရတာလည်းများနေပါပြီ စစ်ပွဲ ရပ်ဖို့ပဲ တောင်းဆိုချင်ပါတယ်"ဟုဦးသာထွန်းလှကဆိုသည်။
၂၀၁၉ခုနှစ်အတွင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံစဉ် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်ဒေသများတွင်ရွေးကောက်ပွဲကျင်းပရန်အခက်အခဲများရှိနိုင်ကြောင်း ပြောကြားမှုများရှိခဲ့သလိုAAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပါက ၎င်းတို့နှင့်ဆွေးနွေးညိုှနှိုင်းရန်လိုအပ်ကြောင်းကိုလည်း မီဒီယာအချု့ိတွင်ပြောကြားထားမှုရှိသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလအတွင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ အပြိုင်အဆိုင်ပြုလုပ်နေကြောင်းသိရသော်လည်း ပြည်သူလူထုမှာရွေးကောက်ပွဲများအပေါ်အား လျော့စိတ်ပျက်လျက် ရှိကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူများကသုံးသပ်ဝေဖန်လျက်ရှိသည်။
ကိုဖူးသစ်

No comments:

Post a Comment

My Blog List