Tuesday, December 24, 2019

ကျောက်မဲ၌ ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်တစ်ဦး ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့် အပစ်ခံရပြီး သေဆုံး

Image may contain: one or more peopleImage may contain: text

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းဌေးအောင် သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဟွေလုံကျေးရွာတွင် အမည်မသိအမျိုးသား ၂ ဦးက ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုပြီး ဒဏ်ရာများစစ်ဆေးချက်အရ နောက်ကျော ဖေါက်ဝင် ၇ ချက်၊ ယာဘက် နံဘေး ၃ ချက်၊ ဝမ်းဗိုက်ဖေါက်ဝင်ဒဏ်ရာ ၂ ချက်၊ ညာဘက်ရင်အုံ ဖေါက်ဝင် ၁ ချက်၊ လည်ပင်းညာဘက် ၁ ချက်၊ ညာလက်မောင်းရင်း ၄ ချက်၊ ဝဲဘက် လက် ၂ ချက်ပေါင်း အချက် ၂၀ ခန့်ဖြစ်ပါတယ်။
“သူအမေအိမ်မှာ တမံတလင်းခင်းဖို့ မဆလာတွေ နယ်နေတယ်။ အဲဒီအချိန်မှာပဲ အမည်မသိသူ ၂ ယောက်က နာမည်မေးပြီးပါလာတဲ့ သေနတ်နဲ့ အနီးကပ်ပစ်လိုက်တယ်။ ပစ်တဲ့သူနှစ်ယောက်က အပစ်ခံရသူ အိမ်အနီးက နားမွန်းတံတားနားက စောင့်ကြည့်ပြီး ရောက်လာတယ်လို့ ရတယ်” ဟု ၎င်းကဆိုပါတယ်။
သေဆုံးသူဦးစိုင်းဌေးအောင်သည် ယနေ့ နံနက် ၉ နာရီကျော်က ၎င်းမိခင်၏ နေအိမ်တွင် တမံသလင်းခင်းရန် လုပ်ဆောင်နေစဉ် အမည်မသိ အမျိုးသား ၂ ဦးရောက်ရှိလာကာ သေနတ်ဖြင့် အချက်၂၀ ခန့်ပစ်ခတ်ခဲ့ပြီး ခြေ လျင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
“အခင်းဖြစ် ရွာဖြစ်တဲ့ ဟွေလုံကျေးရွာက ကျောက်မဲ-မိုးကုတ် လမ်းဘေး မိုင်းတင်းရွာနဲ့ နားမွန်းရွာကြားမှာရှိ တယ်။ အဲဒီဘက်မှာ လက်နက်ကိုင်တွေ အဝင်အထွက်ရှိကြတယ်။ သေဆုံးသူကို ကျောက်မဲဆေးရုံပို့ပြီး ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်နေတယ်”ဟု ဆက်လက်ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်(၂၀၁၉)နေ့လည်ပိုင်းက ကျောက်မဲမြို့၊ နမ့်ခုံးစားသောက်ဆိုင်မှ သေ နတ်ပစ်ခတ်မှုဖြစ်စဉ်တွင် မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းရင်၊ ကျေးရွာသူကြီးဟောင်း ဦးစိုင်းဆုဇေ ယျနှင့် နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ သေဆုံးခဲ့မှုကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။
(Unicode)
ကျောက်မဲ၌ ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်တစ်ဦး ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့် အပစ်ခံရပြီး သေဆုံး
…………………………………………………………

မန္တလေး၊ ဒီဇင်ဘာ - ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းဌေးအောင် သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဟွေလုံကျေးရွာတွင် အမည်မသိအမျိုးသား ၂ ဦးက ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုပြီး ဒဏ်ရာများစစ်ဆေးချက်အရ နောက်ကျော ဖေါက်ဝင် ၇ ချက်၊ ယာဘက် နံဘေး ၃ ချက်၊ ဝမ်းဗိုက်ဖေါက်ဝင်ဒဏ်ရာ ၂ ချက်၊ ညာဘက်ရင်အုံ ဖေါက်ဝင် ၁ ချက်၊ လည်ပင်းညာဘက် ၁ ချက်၊ ညာလက်မောင်းရင်း ၄ ချက်၊ ဝဲဘက် လက် ၂ ချက်ပေါင်း အချက် ၂၀ ခန့်ဖြစ်ပါတယ်။
“သူအမေအိမ်မှာ တမံတလင်းခင်းဖို့ မဆလာတွေ နယ်နေတယ်။ အဲဒီအချိန်မှာပဲ အမည်မသိသူ ၂ ယောက်က နာမည်မေးပြီးပါလာတဲ့ သေနတ်နဲ့ အနီးကပ်ပစ်လိုက်တယ်။ ပစ်တဲ့သူနှစ်ယောက်က အပစ်ခံရသူ အိမ်အနီးက နားမွန်းတံတားနားက စောင့်ကြည့်ပြီး ရောက်လာတယ်လို့ ရတယ်” ဟု ၄င်းကဆိုပါတယ်။
သေဆုံးသူဦးစိုင်းဌေးအောင်သည် ယနေ့ နံနက် ၉ နာရီကျော်က ၄င်းမိခင်၏ နေအိမ်တွင် တမံသလင်းခင်းရန် လုပ်ဆောင်နေစဉ် အမည်မသိ အမျိုးသား ၂ ဦးရောက်ရှိလာကာ သေနတ်ဖြင့် အချက်၂၀ ခန့်ပစ်ခတ်ခဲ့ပြီး ခြေ လျင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
“အခင်းဖြစ် ရွာဖြစ်တဲ့ ဟွေလုံကျေးရွာက ကျောက်မဲ-မိုးကုတ် လမ်းဘေး မိုင်းတင်းရွာနဲ့ နားမွန်းရွာကြားမှာရှိ တယ်။ အဲဒီဘက်မှာ လက်နက်ကိုင်တွေ အဝင်အထွက်ရှိကြတယ်။ သေဆုံးသူကို ကျောက်မဲဆေးရုံပို့ပြီး ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်နေတယ်”ဟု ဆက်လက်ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်(၂၀၁၉)နေ့လည်ပိုင်းက ကျောက်မဲမြို့၊ နမ့်ခုံးစားသောက်ဆိုင်မှ သေ နတ်ပစ်ခတ်မှုဖြစ်စဉ်တွင် မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းရင်၊ ကျေးရွာသူကြီးဟောင်း ဦးစိုင်းဆုဇေ ယျနှင့် နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ သေဆုံးခဲ့မှုကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။
#PeopleMedia

No comments:

Post a Comment

My Blog List