Tuesday, December 24, 2019

နိုင်ငံတော်ကာကွယ်ရေး ယောကျာ်း၊မိန်းမ မရွေးထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်ဟု ကာချုပ်ပြော

SAeIQ1VWvzk
နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ နိုင်ငံတော်အတွင်း မှီတင်းနေနိုင်ကြတဲ့ ယောကျာ်း၊မိန်းမ အသက်အရွယ်မရွေး နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ရမယ့် သမိုင်းပေးတာဝန်ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 
ဒီဇင်ဘာ ၂၃ ရက်က  ရန်ကုန်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။
စွမ်းရည်ထက်မြက်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မျိုးချစ်တပ်မတော်အဖြစ် ရည်မှန်းချက် ထားပြီး ဆောင်ရွက်နေချိန်မှာ အမျိုးသမီးစစ်သည်တွကိုလည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေ မှာ အမျိုးသားစစ်သည်တွေနဲ့ တန်းတူဆောင်ရွက်နိုင်ဖို့ လေ့ကျင့်မွေးထုတ်ပေးနေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
ဒါ့အပြင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကျရာတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူတွေထဲမှာ မျိုးချစ် သူရဲကောင်းအမျိုးသမီးပေါင်းများစွာပါဝင်ပြီး အမျိုးသမီးစစ်မှုထမ်းတွေသာမက အရန်အင်အား ရဲမေတွေကလည်း ရရာလက်နက် စွဲကိုင်ပြီး တရားသောစစ်အတွက် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြတယ်လို့လည်း ပြောပါတယ်။ 
သင်တန်းဆင်းပွဲအခမ်းအနားမှာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ကိုလည်း ဆုပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
sV4RerxWc_Q
tRCccGXtkvQ
__dqRGbrdVs
exQPAYB3K-U
gWWbe6FBZps
ဓာတ်ပုံ- CINCDS

No comments:

Post a Comment

My Blog List