Thursday, January 02, 2020

E စီးကရက်သောက်သုံးမှုကြောင့် အမေရိကန်နိုင်ငံမှာ ၅၅ ဦး သေဆုံး

Image may contain: one or more people and outdoor
E စီးကရက်သောက်သုံးရာမှ ထူးဆန်းတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သေဆုံးသူဦးရေ တိုးလာခဲ့ပြီး ၅၅ ဦးသေဆုံးးသွားခဲ့ကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ 

အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာက E စီးကရက်သောက်သုံးမှု ဒါမှမဟုတ် အခိုးအငွေ့ထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းအသုံးပြုကာ ဆေးလိပ်သောက်သုံးတဲ့အတွက် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါဖြစ်ပွားသူ ဦးရေဟာ ဒီဇင်ဘာ ၂၇ ရက်အထိ ၂၅၆၁ ဦး ရှိခဲ့ကြောင်း ပြောပါတယ်။ အခိုးငွေ့ထုတ်လုပ်တဲ့ ပစ္စည်း E စီးကရက်အသုံးပြုကာ စီးကရက်သောက်သုံးမှုတွေကြောင့် အဆုတ်ဒဏ်ရာရသူများ ရှိနေတဲ့အပြင် ဆေးခြောက် အခိုးအငွေ့ထုတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ကျန်းမာရေးမကောင်းဘဲ ရှိနေခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဓါတုဓါတ်ပေါင်းပစ္စည်း အသုံးပြုကာ အခိုးအငွေ့ထုတ်ယူမှုတွေကလည်း စိုးရိမ်စရာ အခြေနေမျိုးဖြစ်ကြောင်း၊၊ အဆိုပါ ဓါတုဓါတ်ပေါင်းများကို E စီးကရက်ထဲမှာ ထည့်သွင်းမသောက်သုံးသင့်ကြောင်း၊ အမေရိကန်အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ E စီးကရက်နဲ့ အခိုးအငွေ့ထုတ်ပစ္စည်းတွေ အသုံးပြုကာ ဓါတု ဓါတ်ပေါင်းပစ္စည်းတွေကို ထည့်သွင်းပြီး အခိုးအငွေ့ထုတ်ယူမှုတွေအပေါ် စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန် အစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
Image may contain: one or more people and outdoor
Image may contain: night
ကောင်းထက် ( အကုန်သိ သတင်းဌာန ) 
<<< Unicode Version >>>
E စီးကရက်သောက်သုံးမှုကြောင့် အမေရိကန်နိုင်ငံမှာ ၅၅ ဦး သေဆုံး
----- ကောင်းထက် ( အကုန်သိ သတင်းဌာန ) -----
E စီးကရက်သောက်သုံးရာမှ ထူးဆန်းတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သေဆုံးသူဦးရေ တိုးလာခဲ့ပြီး ၅၅ ဦးသေဆုံးးသွားခဲ့ကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာက E စီးကရက်သောက်သုံးမှု ဒါမှမဟုတ် အခိုးအငွေ့ထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းအသုံးပြုကာ ဆေးလိပ်သောက်သုံးတဲ့အတွက် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါဖြစ်ပွားသူ ဦးရေဟာ ဒီဇင်ဘာ ၂၇ ရက်အထိ ၂၅၆၁ ဦး ရှိခဲ့ကြောင်း ပြောပါတယ်။ အခိုးငွေ့ထုတ်လုပ်တဲ့ ပစ္စည်း E စီးကရက်အသုံးပြုကာ စီးကရက်သောက်သုံးမှုတွေကြောင့် အဆုတ်ဒဏ်ရာရသူများ ရှိနေတဲ့အပြင် ဆေးခြောက် အခိုးအငွေ့ထုတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ကျန်းမာရေးမကောင်းဘဲ ရှိနေခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဓါတုဓါတ်ပေါင်းပစ္စည်း အသုံးပြုကာ အခိုးအငွေ့ထုတ်ယူမှုတွေကလည်း စိုးရိမ်စရာ အခြေနေမျိုးဖြစ်ကြောင်း၊၊ အဆိုပါ ဓါတုဓါတ်ပေါင်းများကို E စီးကရက်ထဲမှာ ထည့်သွင်းမသောက်သုံးသင့်ကြောင်း၊ အမေရိကန်အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ E စီးကရက်နဲ့ အခိုးအငွေ့ထုတ်ပစ္စည်းတွေ အသုံးပြုကာ ဓါတု ဓါတ်ပေါင်းပစ္စည်းတွေကို ထည့်သွင်းပြီး အခိုးအငွေ့ထုတ်ယူမှုတွေအပေါ် စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန် အစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

No comments:

Post a Comment

My Blog List